News

POST TAGGED AS

MANCHESTER UNITED

မန်ယူနောက်ခံကစားသမားဟောင်း အီဗရာသည် မန်ယူထံတွင် ၎င်းကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလက မန်ယူကစားသမားအများစုမှာ အာဆင်နယ်ကို ကလေးအသင်းဟုသာ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြကြောင်း ပြန်ပြောင်း အသိပေးသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူဂိုးသမား ဒီဂီယာသည် အသင်းဘက်က ကမ်းလှမ်းထားသည့် စာချုပ်သစ်ကို သဘောတူညီ လက်မှတ်ရေးထိုးလိုက်မည်ဆိုပါက ကမ္ဘာ့စံချိန်တင်လုပ်ခလစာရ ဂိုးသမားအဖြစ် မှတ်တမ်းတစ်ခု ရေးထိုးစိုက်ထူသွားနိုင်တော့မည်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် သန်း ၁၀၀ ရရှိမှသာလျှင် လက်လွှတ်ပေးနိုင်လိမ့်မည်ဟု သဘောထားပြောင်းလဲလိုက်ပြီဖြစ်ပြီး ယင်းအတွက် မာတီရယ်လ်ကို ခေါ်ယူနိုင်ရန် စိတ်ဝင်စားနေသော စပါးအသင်းမှာ လွန်စွာ အခက်ကြုံသွားခဲ့ရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
14-Jun-2018 tagged as Soccer Manchester United Martial
မန်ယူတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်၏အေးဂျင့်ဖြစ်သူ လမ်ဘိုလေးသည် ၎င်း၏ကစားသမားဖြစ်သူမှာ လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း မန်ယူကို စွန့်ခွာရန် ဆုံးဖြတ်ချက်ချမှတ်ထားပြီးပြီဖြစ်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ဘာစီလိုနာကို တစ်ကျော့ပြန်လည် တာဝန်ယူရန် အစီအစဉ်မရှိတော့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ယင်းသို့ ဆုံးဖြတ်ထားသည့်အကြောင်းရင်းမှာ အခြားကြောင့်မဟုတ်ဘဲ အသင်းကို ပထမတစ်ကြိမ် တာဝန်ယူစဉ်ကကဲ့သို့ အောင်မြင်မှုများ ရယူပေးနိုင်ရန် မဖြစ်နိုင်တော့၍ဖြစ်သည်ဟု ဂွါဒီယိုလာက မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
လာဇီယိုကွင်းလယ်ကစားသမား ဆာဗစ်သည် ၎င်း၏အနာဂတ်နှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်ကို လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်သို့ရောက်မှသာ ချမှတ်သွားတော့မည်ဖြစ်ပြီး မန်ယူနည်းပြ မော်ရင်ညိုကမူ လာဇီယိုဘက်က မတန်တဆ ဈေးနှုန်းမျိုးကို တောင်းဆိုမည်ဆိုပါက ဆာဗစ်ကို ၀ယ်ယူတော့မည်မဟုတ်ဘဲ အခြားသော ကွင်းလယ်ကစားသမားတစ်ဦးကို ထပ်မံရှာဖွေရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် မန်ယူမပေးလိုသော ပြောင်းရွှေ့ကြေးကို ပေးချေ၍ လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို ခေါ်ယူရန် ကြိုးပမ်းသွားတော့မည်ဖြစ်ကာ ရီးရဲလ်မက်ဒရစ်သာ အမှန်တကယ် ကြားဝင်လာခဲ့မည်ဆိုပါက မန်ယူမှာ ဆာဗစ်ကိုခေါ်ယူနိုင်ရေး၌ အခက်အခဲများကို ရင်ဆိုင်ကြုံဆုံရတော့မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူအသင်းသည် လူငယ်တိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်ကို စာချုပ်သစ်ချုပ်ရန် စီစဉ်နေပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တွင် ရတ်ရှ်ဖို့ဒ်နှင့် မန်ယူအကြားတွင် စာချုပ်သစ်ဆွေးနွေးမှု စတင်နိုင်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမားဟောင်း ကလီဘာဆင်သည် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း မန်ယူထံသို့ ပြောင်းရွှေ့ဖြစ်ခဲ့ခြင်းမှာ ကြီးစွာသော အမှားတစ်ရပ်ကို ကျူးလွန်မိခဲ့ရာမည်ကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့ပြီး ယင်းအပြောင်းအရွှေ့ဖြစ်ပေါ်လာခဲ့ရသည့်အကြောင်းရင်းမှာ ရော်နယ်ဒင်ညို၏အလိမ်အညာစကားများကို ၎င်းက ယုံစားမိလိုက်၍ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းသည် ပေါ်တိုအသင်းကြီးအဆင့်တွင် ပွဲစဉ်ရှစ်ပွဲမျှသာ ပွဲထွက်ကစားရသေးသော လူငယ်နောက်ခံကစားသမား ဒိုင်အိုဂို ဒါလော့တ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၇ ဒသမ ၄ သန်း ပေးချေကာခေါ်ယူလိုက်ပြီဖြစ်ပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်အပြီးတွင် ဒါလော့တ်က မန်ယူနှင့် ငါးနှစ်သက်တမ်းစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။