News

POST TAGGED AS

MANCHESTER CITY

မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်လ်ဂျီးဆပ်စ်သည် ခရစ္စတယ်ပဲလေ့စ်နှင့် မန်စီးတီးတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ရရှိခဲ့သော ဒူးဒဏ်ရာကြောင့် နှစ်လခန့် အနားယူဆေးကုသမှု ခံရတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးနှင့် မန်စီးတီးတို့ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့ဖူးသည့် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ပိုင်ရှင်တစ်ဦးဖြစ်သည့် လိုင်ဘေးရီးယားလက်ရွေးစင်တိုက်စစ်မှူးဟောင်း ဂျော့ခ်ျဝီယာသည် လိုင်ဘေးရီးယားသမ္မတရွေးကောက်ပွဲတွင် အနိုင်ရကာ နိုင်ငံ၏သမ္မတသစ်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးအသင်းခေါင်းဆောင် ကွမ်ပနီသည် အသင်းဖော်များကို ၂၀၁၂ ခုနှစ်၌ မန်ယူ ကျူးလွန်ခဲ့သော အမှားမျိုးကို ၎င်းတို့အနေနှင့် မကျူးလွန်မိရန် လိုကြောင်း သတိပေးစကားပြောကြားလိုက်သည်ဟု Daily Star က ဖော်ပြထားသည်။
မန်စီးတီးကွင်းလယ်ကစားသမား ယာယာတိုရေးသည် လက်ရွေးစင်ကစားသမားဘ၀က အနားယူထားသည့်ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်၍ အိုင်ဗရီကို့စ်အသင်းအတွက် ပြန်လည်ကစားပေးတော့မည်ဟု ၎င်း၏တွစ်တာလူမှုကွန်ရက်ကတစ်ဆင့် ကြေညာချက်ထုတ်ပြန်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးအသင်းသည် အသင်းနောက်ခံကစားသမား အော့တာမင်ဒီကို ၂ နှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ အော့တာမင်ဒီမှာ ၂၀၂၀ ပြည့်နှစ် ဇွန်လတိုင်သည်အထိ အသင်းထံတွင် ဆက်ရှိသွားတော့မည်ဖြစ်ကြောင်း မန်စီးတီးက သတင်းထုတ်ပြန်ထားသည်ဟု Daily Mail က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် နည်းပြဂွါဒီယိုလာလက်အောက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်နေရသည့်အတွက် အသင်းပြောင်းရွှေ့ရန် စဉ်းစားမှုများရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ဆဲလ်ဖို့ဒ်တရားရုံးတော်သည် မန်စီးတီးတိုက်စစ်တောင်ပံကစားသမား စတာလင်းကို ခြေထောက်ဖြင့် ကန်ကျောက်၍ လူမျိုးရေးခွဲခြားသော စကားရပ်များပြောကြားခဲ့သူကို ထောင်ဒဏ်လေးလ ချမှတ်အရေးယူလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက လက်စတာကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ခရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ လက်ရှိအချိန်တွင် အသင်းမှာ ဆုဖလား လေးလုံး ဆွတ်ခူးရယူနိုင်မည့် လမ်းကြောင်းထက်တွင် ရှိနေသည့်အတွက် ကျေနပ်အားရဖြစ်မိသော်လည်း ပြိုင်ပွဲလေးရပ်လုံးတွင် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည်၊ မခံနိုင်မည်ကိုမူ ခန့်မှန်းပြောကြားရန် အချိန်လွန်စွာ စောလွန်းနေသေးကြောင်း အသိပေးပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသည့် ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီသည် လက်ရှိမန်ယူနည်းပြမော်ရင်ညို စုဖွဲ့ပုံဖော်ခဲ့သည့် ပထမဆုံးချယ်လ်ဆီးအသင်းမှာ လက်ရှိမန်စီးတီးအသင်းကို အနိုင်ယူနိုင်စွမ်း အပြည့်ရှိကြောင်း သုံးသပ်ပြောကြားလိုက်သည်ဟု The Sun က ဖော်ပြထားသည်။
မန်စီးတီးအသင်းသည် အသင်းကွင်းလယ်ကစားသမား ဒီဘရိုင်နေးကို စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးရန် အပြီးသတ် သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ပြီး ယခုချုပ်ဆိုမည့် စာချုပ်သစ်၏တန်ကြေးမှာ ပေါင် ၆၂ ဒသမ ၄ သန်းရှိလိမ့်မည်ဟု မန်စီးတီးအသင်းတာဝန်ရှိသူတစ်ဦးကလည်း ဖွင့်ဟအသိပေးထားပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။