News

POST TAGGED AS

MANCHESTER CITY

မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် မန်ယူက စတုတ်စီးတီးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ၎င်းတို့နှင့် မန်စီးတီးအကြားတွင် ရမှတ်ကွာဟချက် ၁၂ မှတ်အထိ ကျန်ရှိနေသေးသော်လည်း ယင်းအမှတ်ကွာဟချက်ကို အမီလိုက်နိုင်ရန်အတွက် မန်ယူတွင် အခွင့်အလမ်းအပြည့် ကျန်ရှိနေသေးသည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့သည်ဟု Sportmail က ဖော်ပြထားသည်။
မန်စီးတီးအသင်းသည် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကိုခေါ်ယူရေးကိစ္စရပ်ကို ၎င်းတို့ဘက်က လက်လျှော့လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည့်အတွက် ဆန်းချက်ဇ်မှာ မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိရန် ကျိန်းသေလုနီးပါးရှိသွားခဲ့ပြီဖြစ်ကြောင်း Metro က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်းအနေနှင့် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို ကစားသမားကောင်းတစ်ဦးအဖြစ် လေးစားမှုအပြည့်ရှိသော်လည်း ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့်နှိုင်းယှဉ်ခြင်းကိုမူ လက်မခံနိုင်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။
မန်စီးတီးနောက်ခံကစားသမား ကိုင်လီဝေါ်ကာသည် ၎င်းတို့အနေနှင့် နည်းပြဂွါဒီယိုလာထံမှနေ၍ ကျောင်းသားများကဲ့သို့ စည်းကမ်းတကျ သင်ယူလေ့လာနေကြရကြောင်း အသိပေးပြောကြားလိုက်ပြီး ဂွါဒီယိုလာ၏လက်အောက်တွင် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရသည်မှာ စာသင်ခန်းတစ်ခုအတွင်းသို့ ရောက်ရှိနေသည်နှင့် အလားသဏ္ဍာန်တူညီကြောင်း ကိုင်လီဝေါ်ကာက မှတ်ချက်ပေးအပ်သွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား လီရွိုင်းဆိန်းသည် ၎င်းအနေနှင့် မန်စီးတီးထံသို့ မပြောင်းရွှေ့မီတွင် လီဗာပူးထံသို့ ပြောင်းရွှေ့ရန်အတွက် နည်းပြဂျာဂင်ကလော့ပ်ထံမှနေ၍ ဆက်သွယ်မှုများရခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ဂျာဂင်ကလော့ပ်မှာ ဒေါ့မွန်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလကတည်းကပင် လီရွိုင်းဆိန်းကိုခေါ်ယူရန် ချိတ်ဆက်ခဲ့ဖူးခြင်းဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။
မန်စီးတီးအသင်းတာဝန်ရှိသူများသည် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကို ခေါ်ယူရရှိနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ရာတွင် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရပြီဖြစ်ပြီး ဆန်းချက်ဇ်အတွက် အာဆင်နယ်ဘက်က သတ်မှတ်တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ ကို မန်စီးတီးဘက်က ပေးချေလိုခြင်း မရှိသည်မှာ အပြောင်းအရွှေ့အထမြောက်နိုင်ရေးအတွက် ကြီးစွာသောအတားအဆီးတစ်ရပ်သဖွယ် ဖြစ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
လီဗာပူးကွင်းလယ်ကစားသမား အမ်မရီကန်သည် ၎င်းကိုခေါ်ယူရန် မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်တို့က ကမ်းလှမ်းဆက်သွယ်ခဲ့သည်ကို ငြင်းဆန်ပယ်ချ၍ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူလိုက်ခြင်းဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက ဘန်လေကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အပြီးတွင် ပွဲကစားနေချိန်အတွင်း ဘန်လေနည်းပြ ရှောင်ဒိုင်ချီနှင့် စကားအချေအတင်ဖြစ်ခဲ့သည့်ကိစ္စကို ပြန်လည်ဝန်ချတောင်းပန်ခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
04-Jan-2018 tagged as Soccer Premier League Manchester City
ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းသည် Soccerex စစ်တမ်းကောက်ယူရေးအဖွဲ့က ထုတ်ပြန်လိုက်သည့် ကမ္ဘာတစ်ဝန်းဆိုင်ရာ ဓနအင်အား အတောင့်တင်းဆုံးအသင်းစာရင်းတွင် ထိပ်ဆုံးနေရာသို့ တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်လ်ဂျီးဆပ်စ်သည် ခရစ္စတယ်ပဲလေ့စ်နှင့် မန်စီးတီးတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ရရှိခဲ့သော ဒူးဒဏ်ရာကြောင့် နှစ်လခန့် အနားယူဆေးကုသမှု ခံရတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။