News

POST TAGGED AS

MANCHESTER CITY

လက်စတာတိုက်စစ်တောင်ပံကစားသမား မာရက်ဇ်သည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ မန်စီးတီးထံသို့ ပြောင်းရွှေ့ခွင့်ရနိုင်မည့် အခွင့်အရေးကို လက်လွှတ်လိုက်ရသည့်အတွက် ဒေါသပေါက်ကွဲနေပြီဖြစ်ကာ မာရက်ဇ်ကိုခေါ်ယူရေးတွင် လက်စတာဘက်က မတန်တဆဈေးနှုန်းတစ်ရပ်ကို တောင်းဆိုနေသည့်အတွက် ၎င်းတို့ဘက်က လက်လျှော့ပစ်လိုက်ခြင်းဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း ရှင်းပြသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
မန်စီးတီးသည် လက်ရှိဘောလုံးရာသီတွင် ခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၂၅ သန်း အသုံးပြုခဲ့ပြီး ယင်းငွေပမာဏမှာ နိုင်ငံပေါင်း ၅၂ နိုင်ငံရှိ လက်ရွေးစင်ဘောလုံးအသင်းများ၏ခံစစ်တန်ကြေးများထက် ပိုများကြောင်း Sportmail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက ကာဒစ်ဖ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အပြီးတွင် ၎င်း၏ကစားသမားဖြစ်သူကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့မှုအတွက် ကွင်းလယ်ဒိုင်လူကြီး လီမာဆန်ကို ဝေဖန်စကားများပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အသင်းထံတွင် ဖလားလေးလုံး ဆွတ်ခူးရယူနိုင်မည့် လူအင်အားမျိုး မရှိကြောင်း ထုတ်ဖော်ဝန်ခံလိုက်ပြီဖြစ်ကာ ယင်းနှင့်တစ်ဆက်တည်း ကစားသမားသစ်များစွာ ခေါ်ယူစုစည်းရန် အသင်းတွင် ငွေအလုံအလောက် မရှိဟုလည်း ဂွါဒီယိုလာက အသိပေးသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။
ဘီလ်ဘာအိုနည်းပြ ဇီဂန်ဒါသည် ဘီလ်ဘာအိုနှင့် အိုင်ဘားတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် နောက်ခံလူ လာပေါ်တေးကို အသင်းလူစားရင်းမှနေ၍ ဖယ်ထုတ်ချန်လှပ်ပေးထားခဲ့သည့်အတွက် မန်စီးတီးထံသို့ လာပေါ်တေး ပြောင်းရွှေ့ဖြစ်ရန်မှာ လွန်စွာနီးစပ်သွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ဆန်းချက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းရာတွင် အောင်မြင်မှု မရခဲ့သော မန်စီးတီးအသင်းမှာ လက်ရှိအချိန်တွင် စပျစ်သီးချဉ်သည့်စကားများ ပြောကြားနေပြီဟု ဝေဖန်ထိုးနှက်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အသင်းခံစစ်ကို အားဖြည့်ရန်အတွက် ဘီလ်ဘာအိုနောက်ခံလူ လာပေါ်တေးကို ခေါ်ယူရန် ကြိုးပမ်းနေမှုမှာ လာမည့်သီတင်းပတ်အတွင်း၌ အဆင်ပြေမှုရနိုင်လိမ့်မည်ဟု မျှော်လင့်နေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
မန်စီးတီအသင်းသည် အသင်းကွင်းလယ်ကစားသမား ဒီဘရိုင်နေးကို ငါးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်နိုင်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ ဒီဘရိုင်နေး၏တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်မှာ ပေါင် ၂၆၀,၀၀၀ သို့ မြင့်တက်သွားခဲ့ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန် မတိုင်မီတွင် အပြောင်းအရွှေ့ဆိုင်ရာ ငွေသုံးစွဲမှု စည်းမျဉ်းသစ်တစ်ရပ် ထုတ်ပြန်ပြဌာန်းရန် စီစဉ်နေပြီဖြစ်ပြီး ယင်းစည်းမျဉ်းသစ်အရ အသင်းများအနေနှင့် ရရှိသောဝင်ငွေထက် ပေါင်သန်း ၉၀ သာ ပိုမိုသုံးစွဲခွင့်ရဖွယ်ရှိနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် မန်စီးတီးနည်းပြ ဂွါဒီယိုလာကိုခေါ်ယူရန် ပစ်မှတ်ထားမှုများရှိနေပြီဖြစ်ပြီး အခွင့်အရေးရမည်ဆိုပါက လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ဂွါဒီယိုလာကို ခေါ်ယူနိုင်ရေးအတွက် ပီအက်စ်ဂျီဘက်က ကမ်းလှမ်းဆက်သွယ်ဖွယ်ရှိနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။