News

POST TAGGED AS

MANCHESTER CITY

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အသင်းတိုက်စစ်မှူး အဂူရို ရှီရှား(ဆေးရွက်ကြီး၊ ကျောက်မီးသွေးနှင့် အမွှေးနံ့သာတို့ ပေါင်းစပ်ထားသည့် ရှူရှိုက်ရသော မူးယစ်ထုံထိုင်းစေသည့် အရာတစ်မျိုး)ရှူရှိုက်နေသည့် ဗီဒီယိုဖိုင်တစ်ခု အင်တာနက်လူမှုကွန်ရက်စာမျက်နှာများထက်သို့ ပျံ့နှံ့ရောက်ရှိလာခြင်းကြောင့် အလွန်အမင်း ဒေါသပေါက်ကွဲနေသည်ဟု Daily Mail က ဖော်ပြထားသည်။
23-Aug-2018 tagged as Soccer Premier League Manchester City Muric
ဂိုးသမားအခက်အခဲကြုံနေရသော မန်စီးတီးအသင်းသည် နယ်သာလန်ကလပ် အင်န်အေစီ ဘရီဒါထံသို့ အငှားချထားသည့် ဂိုးသမား အေရိုမူရစ်ကို အသင်းထံသို့ ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
21-Aug-2018 tagged as Soccer Premier League Manchester City Bravo
မန်စီးတီးအရန်ဂိုးသမား ကလော်ဒီယို ဘရာဗိုသည် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ခြေဖနောင့်ကြောဒဏ်ရာ ရသွားခဲ့သည့်အတွက် ကာလရှည်အနားယူရတော့မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးသည် လေ့ကျင့်ရေးအစီအစဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် နှစ်လခန့် အနားယူ ဆေးကုသခံရတော့မည်ဖြစ်ပြီး ဒီဘရိုင်းနေးအနေနှင့် အစောဆုံးအဖြစ် လာမည့် အောက်တိုဘာလ လလယ်ခန့်သို့ရောက်မှသာ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မည်ဖြစ်သည်ဟု မန်စီးတီးက သတင်းထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒေးဗစ်ဆေးလ်ဗားသည် စပိန်အသင်းကို ကိုယ်စားပြု၍ လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှုကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး လက်ရွေးစင်အသင်းကို ကျောခိုင်းလိုက်ချိန်တွင် ဒေးဗစ်ဆေးလ်ဗား၏အသက်မှာ ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
မန်စီးတီးအသင်းသည် ၎င်းတို့၏၀တ်စုံစပွန်ဆာမိတ်ဖက်သစ်အဖြစ် ပူးမားအားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေး စီးပွားရေးလုပ်ငန်းစုကို ရွေးချယ်လိုက်ပြီဖြစ်ပြီး ပူးမားမှာ မန်စီးတီးအသင်းဝတ်စုံများကို ဒီဇိုင်းပုံဖော် ချုပ်လုပ်ရောင်းချခွင့်အတွက် တစ်နှစ်စပွန်ဆာကြေး ပေါင်သန်း ၅၀ ဖြင့် သဘောတူညီမှု ရယူလိုက်နိုင်ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီး၊ အာဆင်နယ်နှင့် မန်စီးတီးတို့သည် အသင်းကစားသမားများဖြစ်ကြသော ပီဒရို၊ အိုင်ဝိုဘီနှင့် ဂါဘရီရယ်လ်ဂျီးဆပ်စ်တို့ကို စာချုပ်သစ်များ အသီးသီး လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် လာမည့်တနင်္ဂနွေနေ့၌ မန်စီးတီးနှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကြရမည့် ကွန်မြူနတီဒိုင်းပွဲစဉ်တွင် လူငယ်ကစားသမားအများစုကို နေရာပေးပွဲထုတ်ရန်သာ စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမားသစ် မာရက်ဇ်သည် မန်စီးတီးက ဘိုင်ယန်မြူးနစ်ကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သော အပြည်ပြည်ဆိုင်ရာချန်ပီယံဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ပွဲစဉ်တွင် ခြေမျက်စိထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် ချယ်လ်ဆီးနှင့်ယှဉ်ပြိုင်ရမည့် ကွန်မြူနတီဒိုင်းပွဲစဉ်အပါအ၀င် ရာသီအဖွင့်ကာလ ပွဲစဉ်အချို့ကို လွဲချော်သွားနိုင်ဖွယ်အခြေအနေများရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးအသင်းသည် လက်စတာတိုက်စစ်တောင်ပံကစားသမား မာရက်ဇ်ကို ကလပ်အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏဖြစ်သည့် ပေါင်သန်း ၆၀ အသုံးပြုကာ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။