News

POST TAGGED AS

MANCHESTER CITY

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းကိုခေါ်ယူရန် လီဗာပူးမတိုင်မီတွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးအချို့က ကမ်းလှမ်းဆက်သွယ်ခဲ့သော်လည်း ၎င်းအနေနှင့် လက်မခံဖြစ်ခဲ့ကြောင်း လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဖွင့်ဟအသိပေးခဲ့ကာ လက်ရှိတွင် ယင်းအသင်းများမှာ မန်ယူ၊ မန်စီးတီးနှင့် စပါးတို့ဖြစ်ကြောင်း ဂျာဂင်ကလော့ပ်က ၎င်း၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် ထည့်သွင်းဖော်ပြထားပြီဖြစ်သည်ဟု Sportmail က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်လ် ဂျီးဆပ်စ်သည် ၎င်း၏ကစားသမားဘ၀ စတင်မှု အစောပိုင်းကာလများမှာ လွန်စွာ ခက်ခဲကြမ်းတမ်းလွန်းခဲ့ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပြီး ဘောလုံးကစားနိုင်ရန်အတွက် လူဆိုးလူမိုက်များကျင်လည်ရာနေရာအနီးရှိ အကျဉ်းထောင်ဘောလုံးကွင်းသို့ နေ့စဉ် နံနက်ငါးနာရီခန့်တွင် အိပ်ရာထ၍ သွားရောက်ခဲ့ရဖူးကြောင်း ဂါဘရီရယ်လ် ဂျီးဆပ်စ်က အသိပေးသွားခဲ့သည်ဟု Four Four Two က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်း၏အသင်းမှာ လက်ရှိဘောလုံးရာသီတွင် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ မြင့်တက်လာသည်မှာ မှန်ကန်သော်လည်း အတိတ်ကာလက ၎င်းတာဝန်ယူခဲ့ဖူးသည့် ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့ကဲ့သို့သော အဆင့်မျိုးသို့မူ ရောက်မလာသေးကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့သည်ဟု Sportmail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မန်စီးတီးက အာဆင်နယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်စီးတီးအသင်း ပင်နယ်တီရရှိသွားခဲ့သည့်ဖြစ်စဉ်၌ စတာလင်းမှာ ဟန်ဆောင်ဒိုင်ဗင်ထိုး၍ ပင်နယ်တီ ရှာဖွေသွားခြင်း ဖြစ်ကြောင်း ဝေဖန်သွားခဲ့ပြီး စတာလင်း ဒိုင်ဗင်သမားဖြစ်သည်ကို လူတိုင်း သိရှိနေပြီဖြစ်ကြောင်းလည်း အာစင်ဝင်းဂါးက ထပ်လောင်းပြောကြားသွားခဲ့သေးသည်ဟု Daily Mail က ဖော်ပြထားသည်။
မန်စီးတီးအသင်းတိုက်စစ်မှူး အဂူရိုသည် မန်စီးတီးက နာပိုလီကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြီးတွင် မန်စီးတီးအသင်းသမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားအဖြစ် စံချိန်တင်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဘောလုံးလိဂ်အစည်းအရုံးတာဝန်ရှိသူများသည် ခရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်များတွင် အာဆင်နယ်နှင့် မန်စီးတီးတို့က အချိန်ပို မိနစ် ၃၀ ယှဉ်ပြိုင်ရာ၌ ကစားသမားနှစ်ဦး လူစားလဲလှယ် ထည့်သွင်းခဲ့ကြသည့်အတွက် ဥပဒေကို ပြင်ဆင်ရန် စီစဉ်နေကြပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက ဝုလ်ဗာဟမ်တန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ခရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်အပြီးတွင် ခရာဘောင်းဖလားပြိုင်ပွဲ၌ အသုံးပြုနေသည့် Mitre ကုမ္ပဏီထုတ်ဘောလုံးကို ဝေဖန်ပြစ်တင်စကားများ ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ကတ်တလန်ဒေသ၏အခွင့်အာဏာများကို စပိန်အစိုးရက ပြန်လည်ထိန်းချုပ်ကန့်သတ်ရန် စီစဉ်လိုက်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဝေဖန်လိုက်ပြီဖြစ်ပြီး စပိန်အစိုးရ၏လုပ်ရပ်မှာ ဒီမိုကရေစီစနစ်အတွက် လွန်စွာဝမ်းနည်းကြေကွဲဖွယ်ရာကောင်းသည့် နေ့တစ်နေ့ကို ဖြစ်ပေါ်စေခဲ့ပြီဟု ဂွါဒီယိုလာက ပြောကြားသွားခဲ့ကြောင်း Goal က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်းအနေနှင့် တိုက်စစ်မှူး အဂူရိုကို အသင်းသမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူရရှိသူကစားသမားအဖြစ် စံချိန်သစ်တင်ရှိနိုင်စေရန်အတွက် ဝုလ်ဗာဟမ်တန်နှင့်ယှဉ်ပြိုင်ရမည့် ခရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်တွင် ပွဲထွက်ကစားခွင့်တစ်ရပ် ပေးအပ်သွားမည်ဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ပြီး လက်ရှိတွင် အဂူရိုမှာ မန်စီးတီးအသင်းသမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူရရှိခဲ့သူ ကစားသမားအဖြစ် စံချိန်စိုက်ထူထားသော အီရစ်ဘရုခ်၏သွင်းဂိုးအရေအတွက်ကို လိုက်မီသွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။