News

POST TAGGED AS

MANCHESTER CITY

27-Nov-2017 tagged as Soccer Premier League Manchester City
ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းသည် အင်္ဂလိပ်ဘောလုံးသမိုင်းတွင် ပြိုင်ပွဲအရပ်ရပ်၌ အဝေးကွင်းပွဲစဉ် ၁၁ ပွဲဆက်တိုက် အနိုင်ရရှိသည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း OPTA က ဖော်ပြထားသည်။
မန်စီးတီးအသင်းသည် အသင်းဝတ်စုံချုပ်လုပ်ရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ မိတ်ဖက်ကုမ္ပဏီ အပြောင်းအလဲလုပ်ရန် စီစဉ်နေပြီဖြစ်ပြီး အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေးနှင့်သက်ဆိုင်သည့် ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီးများအနက်တွင် တစ်ခုအပါအ၀င်ဖြစ်သော ပူးမားမှာ မန်စီးတီး၏မိတ်ဖက်သစ်ဖြစ်လာရန် နီးစပ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
23-Nov-2017 tagged as Soccer Manchester City Guardiola
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက ဖီယင်နုကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ဖဲကြိုးဝါလှုပ်ရှားမှုတစ်ရပ် ဆင်နွှဲသွားခဲ့ပြီး ယင်းဖဲကြိုးဝါသင်္ကေတမှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော ကတ်တလန်နိုင်ငံရေးခေါင်းဆောင်များကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ရည်ညွှန်းသည့်အမှတ်အသားတစ်ရပ်ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
ဗြိတိန်အားကစားသတင်းမီဒီယာများသည် မန်စီးတီးက ဖီယင်နုကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးမှာ ရည်ရွယ်ချက်ရှိရှိဖြင့် အဝါကတ်ရယူသွားခဲ့ခြင်းဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ဝေဖန်နေကြကြောင်း The Mirror က ဖော်ပြထားသည်။
မန်စီးတီးနောက်ခံကစားသမား ဂျွန်စတုန်းစ်သည် မန်စီးတီးက လက်စတာကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တံကောက်ကြော ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် သီတင်းလေးပတ်မှ ခြောက်ပတ်အကြား အနားယူရဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးအသင်းတာဝန်ရှိသူများသည် နည်းပြ ဂွါဒီယိုလာကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ပြီး မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာအကြားတွင် ချုပ်ဆိုထားသည့် လက်ရှိစာချုပ်မှာ လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် ၎င်းအနေနှင့် ဂိုးသမား ဂျိုးဟတ်၏ပွဲထွက်ခွင့်ကို အာမခံချက်ပေးနိုင်တော့မည် မဟုတ်ကြောင်း အတိအလင်း အသိပေးလိုက်ပြီဖြစ်ပြီး လက်ရှိအခြေအနေများအရလည်း ဂျိုးဟတ်မှာ လာမည့် ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားရန်အတွက် လက်ရွေးစင်အသင်းလူစာရင်းတွင် ထည့်သွင်းရွေးချယ်ခံခဲ့ရသည့်တိုင် အရန်အဖြစ်သာ ဖြတ်သန်းရမည့်အခြေအနေများရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းကိုခေါ်ယူရန် လီဗာပူးမတိုင်မီတွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးအချို့က ကမ်းလှမ်းဆက်သွယ်ခဲ့သော်လည်း ၎င်းအနေနှင့် လက်မခံဖြစ်ခဲ့ကြောင်း လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဖွင့်ဟအသိပေးခဲ့ကာ လက်ရှိတွင် ယင်းအသင်းများမှာ မန်ယူ၊ မန်စီးတီးနှင့် စပါးတို့ဖြစ်ကြောင်း ဂျာဂင်ကလော့ပ်က ၎င်း၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် ထည့်သွင်းဖော်ပြထားပြီဖြစ်သည်ဟု Sportmail က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်လ် ဂျီးဆပ်စ်သည် ၎င်း၏ကစားသမားဘ၀ စတင်မှု အစောပိုင်းကာလများမှာ လွန်စွာ ခက်ခဲကြမ်းတမ်းလွန်းခဲ့ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပြီး ဘောလုံးကစားနိုင်ရန်အတွက် လူဆိုးလူမိုက်များကျင်လည်ရာနေရာအနီးရှိ အကျဉ်းထောင်ဘောလုံးကွင်းသို့ နေ့စဉ် နံနက်ငါးနာရီခန့်တွင် အိပ်ရာထ၍ သွားရောက်ခဲ့ရဖူးကြောင်း ဂါဘရီရယ်လ် ဂျီးဆပ်စ်က အသိပေးသွားခဲ့သည်ဟု Four Four Two က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်း၏အသင်းမှာ လက်ရှိဘောလုံးရာသီတွင် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ မြင့်တက်လာသည်မှာ မှန်ကန်သော်လည်း အတိတ်ကာလက ၎င်းတာဝန်ယူခဲ့ဖူးသည့် ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့ကဲ့သို့သော အဆင့်မျိုးသို့မူ ရောက်မလာသေးကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့သည်ဟု Sportmail က ဖော်ပြထားသည်။