News

POST TAGGED AS

MANCHESTER CITY

27-Aug-2018

Soccer Premier League Manchester City Aguero
ကိုယ်ဟန်ပြမယ် လိုလာမတ်ဂ်နန်နှင့် ရှီရှားရှူနေသော ဗီဒီယိုဖိုင် ထွက်ပေါ်လာ၍ အဂူရိုကို ဂွါဒီယိုလာ ဒေါသပေါက်ကွဲ

မန်ချက်စတာ၊ သြဂုတ် ၂၇

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အသင်းတိုက်စစ်မှူး အဂူရို ရှီရှား(ဆေးရွက်ကြီး၊ ကျောက်မီးသွေးနှင့် အမွှေးနံ့သာတို့ ပေါင်းစပ်ထားသည့် ရှူရှိုက်ရသော မူးယစ်ထုံထိုင်းစေသည့် အရာတစ်မျိုး)ရှူရှိုက်နေသည့် ဗီဒီယိုဖိုင်တစ်ခု အင်တာနက်လူမှုကွန်ရက်စာမျက်နှာများထက်သို့ ပျံ့နှံ့ရောက်ရှိလာခြင်းကြောင့် အလွန်အမင်း ဒေါသပေါက်ကွဲနေသည်ဟု Daily Mail က ဖော်ပြထားသည်။

အသက် ၃၀ အရွယ်ရှိ အဂူရိုသည် အသက် ၁၈ နှစ်အရွယ်ရှိ ကိုယ်ဟန်ပြမယ် လိုလာမတ်ဂ်နန်နှင့်အတူ ရှီရှားရှူခဲ့ခြင်းဖြစ်ပြီး အတိတ်ကာလ၌ ၎င်းတို့နှစ်ဦးကို ချစ်သူများအဖြစ် သတင်းမီဒီယာများက ယူဆရေးသားမှုများ ရှိခဲ့သေးသည်။

အဂူရိုသည် နောက်ပိုင်းတွင် ၎င်းနှင့် လိုလာမတ်ဂ်နန်တို့မှာ လွန်စွာရင်းနှီးသော မိတ်ဆွေများဖြစ်သည်ဟု ပြန်လည်ရှင်းလင်းခဲ့ပြီး ဂွါဒီယိုလာမှာ အသင်းလေ့ကျင့်ရေးအစီအစဉ်များ ပြန်လည်စတင်ချိန်တွင် အဂူရိုကို ခေါ်ယူ၍ အနိမ့်ဆုံးအဖြစ် သတိပေးစကားပြောကြားဖွယ်ရှိကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

အဂူရိုသည် လွန်ခဲ့သည့်သီတင်းပတ်အတွင်း၌ ကင်ဆာရောဂါဝေဒနာခံစားနေရသော အသက် ၁၀ နှစ်အရွယ် ကလေးငယ်လေးကို ၎င်း၏နေအိမ်သို့ဖိတ်ကြား၍ အမှတ်တရလက်မှတ်ရေးထိုးထားသော ဘောလုံးကန်ဖိနပ်တစ်ရံကို လက်ဆောင်အဖြစ် ပေးအပ်လိုက်ပြီး လက်ရှိဘောလုံးရာသီတွင် အဂူရိုက မန်စီးတီးကို ကိုယ်စားပြု၍ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ရာ၌ အသင်းအတွက် သွင်းဂိုးသုံးဂိုး ရယူပေးထားနိုင်ခဲ့ပြီးဖြစ်သည်။




FOLLOW US