News

POST TAGGED AS

MANCHESTER CITY

မန်စီးတီးအသင်းသည် ချစ်ခင်စုံမက် စိတ်ဝင်စားသူအချင်းချင်း ချိန်းဆိုတွေ့ဆုံနိုင်စေရန် ၀န်ဆောင်မှုပေးသည့်ွှ Tinder အက်ပလီကေးရှင်းနှင့် စပွန်ဆာစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး မန်စီးတီးနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုခွင့် ရလိုက်ခြင်းက ၎င်းတို့၏၀န်ဆောင်မှုကို လူသိပိုများလာစေရန် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟွှုငညိနမ က ယုံကြည်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
လီဗာပူးနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ယှဉ်ပြိုင်ကစားရန်အတွက် လီဗာပူးအသင်းပိုင် အန်ဖီးလ်ဘောလုံးကွင်းသို့ ရောက်ရှိလာခဲ့သော မန်စီးတီးအသင်းသည် ၎င်းတို့စီးနင်းလိုက်ပါလာသော အသင်းဘတ်စ်ကားကို လီဗာပူးပရိသတ်များက ရန်ပြုတိုက်ခိုက်သည့်အခြေအနေဖြင့် ကြုံဆုံရင်ဆိုင်ခဲ့ရပြီး ယင်းဖြစ်စဉ်အတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးအသင်း ကွင်းလုံခြုံရေးဝန်ထမ်းများကို အလွန်အမင်း ဒေါသပေါက်ကွဲခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးသည် ပရော်ဖက်ရှင်နယ်ကစားသမားများအစည်းအရုံး(PFA)က ပေးအပ်ချီးမြှင့်မည့် တစ်နှစ်တာစွမ်းဆောင်ရည်အကောင်းဆုံးကစားသမားဆုအတွက် ဆန္ဒမဲကောက်ခံရာတွင် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို မဲပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက စတုတ်စီးတီးကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အ၀ါရောင်ဖဲကြိုးတပ်လှုပ်ရှားမှုကို ဆက်လက် ဆောင်ရွက်ခဲ့သည့်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေး၏စွဲချက်တင်စစ်ဆေးမှုများဖြင့် ဆက်လက်ရင်ဆိုင်သွားရဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်းအနေနှင့် နည်းပြလောကတွင် နောက်ထပ် ၁၀ နှစ်ခန့် ထပ်မံကျင်လည်ဖြတ်သန်းသွားရန် ရည်မှန်းထားကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ကာ ယင်းအတွက် မန်စီးတီးအသင်းတာဝန်ရှိသူများက ၎င်းကို နည်းပြဘ၀ဖြတ်သန်းမှု အဆုံးသတ်ချိန်တိုင်သည်အထိ အသင်း၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် နည်းလမ်းများရှာဖွေနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
04-Mar-2018 tagged as Soccer Premier League Manchester City Bonus
မန်စီးတီးအသင်းတာဝန်ရှိသူများသည် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ နှစ်ရပ်လုံးတွင် အသင်းအနေနှင့် ချန်ပီယံဖြစ်ခဲ့ပါက အသင်းကစားသမားတစ်ဦးချင်းစီကို အပိုဆုကြေးအကျိုးခံစားခွင့် ပေါင်တစ်သန်းစီ ပေးအပ်သွားရန် စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ဘာစီလိုနာကို စွန့်ခွာရန် နီးစပ်မှုများရှိနေပြီဖြစ်သည့် အင်နီယေစတာကို မန်စီးတီးထံသို့ခေါ်ယူရန် စောင့်ကြည့်နေပြီဖြစ်ပြီး အင်နီယေစတာမှာလည်း ၎င်း၏ပွဲထွက်ကစားခွင့် လျော့နည်းလာခဲ့မည်ဆိုပါက ဘာစီလိုနာကိုစွန့်ခွာ၍ အသင်းပြောင်းရန် စဉ်းစားလာနိုင်ကြောင်း Marca က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ဘာစီလိုနာကို စွန့်ခွာရန် နီးစပ်မှုများရှိနေပြီဖြစ်သည့် အင်နီယေစတာကို မန်စီးတီးထံသို့ခေါ်ယူရန် စောင့်ကြည့်နေပြီဖြစ်ပြီး အင်နီယေစတာမှာလည်း ၎င်း၏ပွဲထွက်ကစားခွင့် လျော့နည်းလာခဲ့မည်ဆိုပါက ဘာစီလိုနာကိုစွန့်ခွာ၍ အသင်းပြောင်းရန် စဉ်းစားလာနိုင်ကြောင်း Marca က ဖော်ပြထားသည်။
၂၀၁၇-၁၈ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးရယူနိုင်ရန် နီးစပ်နေပြီဖြစ်သည့် မန်စီးတီးအသင်း၏ကဏ္ဍရပ်ရပ် စွမ်းဆောင်ရည်မှာ ၂၀၀၃-၀၄ ဘောလုံးရာသီတွင် ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးရယူနိုင်သော အာဆင်နယ်အသင်း၏စွမ်းဆောင်ရည်ထက် အပြတ်သာလွန်လျက်ရှိကြောင်း Smart Bets က ဖော်ပြထားသည်။
မန်စီးတီးအသင်းတာဝန်ရှိသူများသည် အသင်းကွင်းလယ်ကစားသမား စတာလင်းကို စာချုပ်သစ်ချုပ်ရန် ဘောလုံးရာသီပြီးဆုံးချိန်သို့ရောက်မှသာ တစ်ကျော့ပြန်လည် ဆွေးနွေးသွားတော့မည်ဖြစ်ပြီး မန်စီးတီးနှင့် စတာလင်းအကြားတွင် ချုပ်ဆိုထားသည့် လက်ရှိစာချုပ်မှာ သက်တမ်းအားဖြင့် သုံးနှစ်ကျန်ရှိနေဆဲဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။