News

POST TAGGED AS

MAHREZ

မန်စီးတီးအသင်းသည် လက်စတာတိုက်စစ်တောင်ပံကစားသမား မာရက်ဇ်ကို ခေါ်ယူနိုင်ရေးအတွက် လက်စတာအသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် မာရက်ဇ်အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိရန် လွန်စွာ နီးစပ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
လက်စတာအသင်းတိုက်စစ်တောင်ပံကစားသမား မာရက်ဇ်သည် အသင်းတာဝန်ရှိသူများနှင့် ပုဂ္ဂိုလ်ရေးသဘောထားတင်းမာမှုများ မြင့်တက်လာသည့်အတွက် လုပ်ခလစာ မရတော့မည့်အခြေအနေကိုပင် ရင်ဆိုင်နေရပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
လက်စတာတိုက်စစ်တောင်ပံကစားသမား မာရက်ဇ်သည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ မန်စီးတီးထံသို့ ပြောင်းရွှေ့ခွင့်ရနိုင်မည့် အခွင့်အရေးကို လက်လွှတ်လိုက်ရသည့်အတွက် ဒေါသပေါက်ကွဲနေပြီဖြစ်ကာ မာရက်ဇ်ကိုခေါ်ယူရေးတွင် လက်စတာဘက်က မတန်တဆဈေးနှုန်းတစ်ရပ်ကို တောင်းဆိုနေသည့်အတွက် ၎င်းတို့ဘက်က လက်လျှော့ပစ်လိုက်ခြင်းဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း ရှင်းပြသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် လက်စတာတိုက်စစ်တောင်ပံကစားသမား မာရက်ဇ်ကို ခေါ်ယူရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေခဲ့မည်ဆိုပါက တိုက်စစ်မှူး ဆန်းချက်ဇ်ကို လက်ရှိဇန်နဝါရီဈေးကွက်အတွင်း ရောင်းထုတ်လိုက်ရန် ဆုံးဖြတ်ထားပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။