News

POST TAGGED AS

MMA

03-Nov-2017 tagged as MMA Aung La Nsang
မြန်မာ့စပါးအုံးလို့ အမည်ပြောင်ပေးအပ်ခြင်းခံထားရတဲ့ ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးကစားသမား အောင်လအန်ဆန်းဟာ ယနေ့(နိုဝင်ဘာလ ၃ ရက်)ညမှာ ကျားသစ်နက်လို့ အမည်ပြောင်ရရှိထားတဲ့ ဟောင်ကောင်ကိုယ်စားပြု ကင်မရွန်းကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား အလိန်းဂါလာနီနဲ့ အထူးစိန်ခေါ်ပွဲစဉ်ယှဉ်ပြိုင်ထိုးသတ်သွားတော့မှာပဲဖြစ်ပါတယ်။ ဒါဟာ One Championship ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက်မှာ ၀ိတ်တန်းမတူတဲ့ကစားသမားနှစ်ဦး ပထမဆုံးအကြိမ်အဖြစ် စိန်ခေါ်ထိုးသတ်တဲ့ပွဲစဉ်ပါပဲ။ အောင်လအန်ဆန်းအတွက် ဒီပွဲဟာ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီးတဲ့နောက် ပထမဆုံးယှဉ်ပြိုင်ထိုးသတ်မယ့်ပွဲစဉ်ဖြစ်သလို ၀ိတ်တန်းမတူညီတဲ့ ကစားသမားတစ်ယောက်ကို စိန်ခေါ်ထိုးသတ်မှာဖြစ်လို့ ပိုပြီး စိတ်ဝင်စားစရာကောင်းနေပါတယ်။