News

POST TAGGED AS

LUKE SHAW

မန်ယူအသင်းသည် လာမည့်စနေနေ့တွင် ၀က်ဖို့ဒ်နှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အသင်းအတွက် နောက်ခံလူ လုခ်ရှော ပါဝင်ကစားပေးနိုင်လိမ့်မည်ဟု မျှော်လင့်လျက်ရှိကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူဘယ်နောက်ခံကစားသမား လုခ်ရှောသည် ၎င်းအနေနှင့် ဒဏ်ရာများဖြင့် အဆက်မပြတ် ရုန်းကန်ခဲ့ရသောကာလအတွင်း ဘောလုံးလောကကို ကျောခိုင်း၍ ကစားသမားဘ၀က အနားယူလိုက်ရန်အထိပင် စဉ်းစားမိခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် ဆန်းချက်ဇ်အပြောင်းအရွှေ့အတွက် မန်ယူနှင့်ဆွေးနွေးရာတွင် အမ်ခီတာယန်ကို တောင်းဆိုခဲ့ခြင်း မရှိဘဲ လုခ်ရှောနှင့် ကစားသမားချင်းလဲလှယ်နိုင်ရန် ကြိုးပမ်းခဲ့သေးကာ ယင်းတောင်းဆိုမှုကို မန်ယူဘက်က လက်မခံခဲ့သည့်အတွက် အဆုံးသတ်တွင် အမ်ခီတာယန်ကို ရယူခြင်းဖြင့်သာ ဆန်းချက်ဇ်ကို လက်လွှတ်ပေးလိုက်ရန် အာဆင်နယ်က ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လက်ရှိဘောလုံးလောကအတွင်း၌ လုခ်ရှောထက် စွမ်းဆောင်ရည်သာလွန်သော ဘယ်နောက်ခံကစားသမားဟူ၍ များများစားစား မရှိကြောင်း မှတ်ချက်ပေးပြောကြားလိုက်ပြီး ၎င်းအနေနှင့် ရှေ့လာမည့်ပွဲစဉ်များတွင် အသင်းဘယ်ခြမ်းခံစစ်၌ အက်ရှ်လေယန်းနှင့် လုခ်ရှောတို့ကို မျှတစွာ နေရာပေးအသုံးပြုရန် ဆုံးဖြတ်ထားကြောင်း မော်ရင်ညိုက ပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လုခ်ရှောမှာ မန်ယူအနာဂတ်အတွက် အရေးပါသည့်အခန်းကဏ္ဍတွင် ပါရှိနေဆဲဖြစ်သော်လည်း ပုံမှန်ပွဲထွက်ကစားခွင့်နှင့်သက်ဆိုင်သော အာမခံချက်တစ်ရပ်ကိုမူ ၎င်းအနေနှင့် ပေးအပ်နိုင်လိမ့်မည်မဟုတ်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။