News

POST TAGGED AS

LUKAKU

အဲဗာတန်အသင်း အဓိကရှယ်ယာရှင် ဖာဟက်ဒ် မိုရှီရီသည် ၎င်းအနေနှင့် တိုက်စစ်မှူး လုကာကုကို အသင်း၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း လုကာကုက နတ်ဆရာ၏ဟောကိန်းစကားကို အယုံကြည်လွန်နေသည့်အတွက် အဆင်မပြေဖြစ်ခဲ့ရကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
02-Jan-2018 tagged as Soccer Mourinho Manchester United Lukaku
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူနှင့် ဆောက်သမ်တန်တို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဦးခေါင်းထိခိုက်ဒဏ်ရာရသွားခဲ့သည့် တိုက်စစ်မှူး လုကာကုမှာ တစ်ပတ်မျှအနားယူပြီးပါက ဘောလုံးပြန်ကစားနိုင်လိမ့်မည်ဟု ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူနှင့် ဆောက်သမ်တန်တို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တိုက်စစ်မှူး လုကာကု ဦးခေါင်းထိခိုက်ဒဏ်ရာရသွားခဲ့သည်ကို စိုးရိမ်ပူပန်မှုများရှိနေပြီဖြစ်ပြီး လုကာကုကို ကာလအတန်ကြာ လက်လွှတ်လိုက်ရမည်ဆိုပါက တိုက်စစ်ပိုင်းဆိုင်ရာတွင် အခက်အခဲများရှိလာမည်ကို မော်ရင်ညိုက စိုးရိမ်ပူပန်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် တိုက်စစ်မှူး လုကာကုအနေနှင့် ဂိုးရရန် ရုန်းကန်နေရသည်မှာ ဘောလုံးကန်ဖိနပ်ကြောင့်ဖြစ်ပြီး အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစုတစ်ခုခုနှင့် စပွန်ဆာစာချုပ် လက်မှတ်ရေးထိုးလိုက်နိုင်မည်ဆိုပါက လုကာကုအတွက် ယခုရင်ဆိုင်နေရသည့်ပြဿနာမှာ ချက်ချင်းပင် ပြေလည်သွားလိမ့်မည်ဟု မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
22-Nov-2017 tagged as Soccer Manchester United Lukaku
မန်ယူတိုက်စစ်မှူး လုကာကုသည် လွန်ခဲ့သည့် နွေရာသီကာလ၌ အမေရိကန်ပြည်ထောင်စုသို့ အားလပ်ရက် အပန်းဖြေခရီး သွားရောက်ခဲ့ရာတွင် ပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သော ပြစ်မှုတစ်ရပ် ကျူးလွန်ခဲ့ခြင်းအတွက် တရားစွဲဆိုခြင်း ခံခဲ့ရပြီး လက်ရှိတွင် ယင်းပြစ်မှုအတွက် လုကာကုကို တရားရုံးက ဒဏ်ငွေ ပေါင် ၃၄၀ ပေးဆောင်စေရန် အမိန့်ချမှတ်လိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ဒူးဒဏ်ရာပြဿနာကြောင့် လအတန်ကြာ အနားယူခဲ့ရသည့် တိုက်စစ်မှူး အီဘရာဟီမိုဗစ် ပွဲထွက်ကစားနိုင်တော့မည်ဖြစ်၍ အသင်းကို နည်းဗျူဟာ အပြောင်းအလဲလုပ်ရန် စီစဉ်နေပြီဖြစ်ကာ တိုက်စစ်၌ အီဘရာဟီမိုဗစ်နှင့် လုကာကုတို့ တွဲဖက်ကစားနိုင်စေရန်အတွက် ၃-၅-၂ ကစားကွက်ကို မော်ရင်ညိုက အသုံးပြုလိမ့်မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
15-Nov-2017 tagged as Soccer Manchester United Lukaku Belgium
ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းတိုက်စစ်မှူး လုကာကုသည် ဘယ်လ်ဂျီယံက ဂျပန်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲတွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းသမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူရရှိသူကစားသမားအဖြစ် စံချိန်တင်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါလ်စခိုးသည် မန်ယူတိုက်စစ်မှူး လုကာကု ပုံစံကောင်းများ ပျောက်ဆုံး၍ ရုန်းကန်နေရသည်မှာ ကွင်းလယ်တွင် ပေါ့ဂ်ဘာကို လက်လွှတ်ဆုံးရှုံးထားရခြင်းကြောင့်ဖြစ်သည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး ပေါ့ဂ်ဘာ ဒဏ်ရာပြဿနာများကင်းစင်၍ ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်ကစားနိုင်သည်နှင့် လုကာကုကို ယခင်အတိုင်း ပြန်လည်မြင်တွေ့ကြရလိမ့်မည်ဟု ပေါလ်စခိုးက ဆက်လက်ပြောကြားသွားခဲ့သေးကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူတိုက်စစ်မှူး လုကာကု၏မိခင်သည် လုကာကု ငယ်စဉ်အရွယ်က ၎င်းယှဉ်ပြိုင်ကစားသည့်ပွဲစဉ်များတွင် အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပွားလာခဲ့ပါက ချက်ချင်းပင် ဖြေရှင်းချက်ပေးနိုင်စေရန်အတွက် မွေးလက်မှတ်ကို အသင့်ဆောင်ထားခဲ့ရကြောင်း လုကာကု၏အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်ပေးလျက်ရှိသော ရိုင်အိုလာက အသိပေးပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။