News

POST TAGGED AS

LUIS ENRIQUE

ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် နည်းပြကွန်တီကို ရာထူးထုတ်ပယ်ခြင်းနှင့် နည်းပြသစ်ခန့်အပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို တစ်နေ့တည်းတွင် အပြီးသတ် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီဖြစ်ပြီး ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာမည့်သူမှာ ရေပန်းစားနေသော ပီအက်စ်ဂျီနည်းပြဟောင်း လောရင့်ဘလန့်နှင့် နာပိုလီနည်းပြဟောင်း ဆာရီတို့ မဟုတ်ဘဲ ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်သာဖြစ်သည်ဟု ကတ်တလန်သတင်းစာများ၏သတင်းဖော်ပြချက်များကို ကိုးကား၍ The Mirror က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် နည်းပြ ကွန်တီကို လာမည့် ၄၈ နာရီအတွင်း၌ ရာထူးထုတ်ပယ်လိုက်ရန် စီစဉ်နေပြီဖြစ်ပြီး နည်းပြသစ်အဖြစ် အင်းနရစ်ကို ခန့်အပ်နိုင်ရန် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းနေကြောင်း Daily Star က ဖော်ပြထားသည်။
11-Apr-2018 tagged as Soccer Premier League Luis Enrique
ဘာစီလိုနာနည်းပြဟောင်း လူးဝစ္စအင်းနရစ်သည် ၎င်းအနေနှင့် အလုပ်သစ်ကမ်းလှမ်းမှုများကို မျှော်စောင့်နေပြီဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ပြီး လက်ရှိတွင် ၎င်းကိုခေါ်ယူရန်အတွက် စိတ်ဝင်စားမှုများရှိနေသည်မှာ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
ဘာစီလိုနာနည်းပြဟောင်း လူးဝစ္စအင်းနရစ်သည် လာမည့်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်သို့ လာရောက်တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချထားပြီဖြစ်ပြီး လန်ဒန်မြို့ခံအသင်းများဖြစ်သည့် အာဆင်နယ်နှင့် ချယ်လ်ဆီးအနက်မှတစ်သင်းကို အင်းနရစ်က တာဝန်ယူဖြစ်လိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေသည့် ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်သည် ၎င်းအနေနှင့် ချယ်လ်ဆီးနည်းပြအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရပါက အသင်းကို အင်အားဖြည့်ရန်အတွက် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်ကို ပထမဦးစားပေးအဖြစ် ခေါ်ယူရန် ကြိုးပမ်းသွားလိမ့်မည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ခ်ျသည် နည်းပြကွန်တီကို လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ရာထူးထုတ်ပယ်၍ ယင်းအစား ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်ကို ခေါ်ယူခန့်အပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် နည်းပြအင်းနရစ် ရာထူးနုတ်ထွက်သွားခဲ့ပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် နည်းပြသစ်လျာထားစာရင်းတစ်ခု ရေးဆွဲထားပြီဖြစ်ကာ ယင်းလျာထားစာရင်းတွင် ဘာစီလိုနာနည်းပြဟောင်း လူးဝစ္စအင်းနရစ်နှင့် ဘိုင်ယန်မြူးနစ်နည်းပြဟောင်း အန်စလော့တီတို့က ထိပ်ဆုံးနေရာများတွင် ပါဝင်နေကြောင်း Daily Mail က ဖော်ပြထားသည်။