News

POST TAGGED AS

LUCAS TORREIRA

ဘန်းဒ်လီနိုနှင့် တော်ရီရာတို့ကို အာဆင်နယ် ခေါ်ယူနိုင်တော့မည်

လန်ဒန်၊ ဇွန် ၁၉

အာဆင်နယ်အသင်းသည် လေဗာကူဆင်ဂိုးသမား ဘန်းဒ်လီနိုနှင့် ဆမ်ဒိုးရီးယားကွင်းလယ်လူ တော်ရိုင်ရာတို့ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ပြီး ယင်းကစားသမားနှစ်ဦးအတွက် စုစုပေါင်းပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၈ သန်း အသုံးပြုရန် အာဆင်နယ်က စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။

အာဆင်နယ်သည် ဘန်းဒ်လီနိုနှင့် တော်ရိုင်ရာတို့ကို ခေါ်ယူနိုင်ရန်အတွက် လွန်ခဲ့သည့် သီတင်းပတ်ကတည်းကပင် ဆွေးနွေးမှုများ စတင်ခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်အနည်းငယ်အတွင်း၌ အပြောင်းအရွှေ့ဆိုင်ရာကိစ္စရပ်များကို အောင်မြင်စွာ အဆုံးသတ်နိုင်ရန် အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီက ရည်မှန်းထားပြီလည်းဖြစ်သည်။

အာဆင်နယ်သည် ဘန်းဒ်လီနိုအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၂ သန်း သုံးစွဲသွားမည်ဖြစ်ပြီး ဘန်းဒ်လီနိုကို ခေါ်ယူရရှိပြီးပါက အသင်းဂိုးသမားများဖြစ်သော ပီတာချက်နှင့် အော့စ်ပီနာတို့အနက် တစ်ဦးကို အာဆင်နယ်က ရောင်းထုတ်လိုက်တော့မည်လည်းဖြစ်သည်။

အာဆင်နယ်သည် လက်ရှိတွင် ဆွစ်ဇာလန်အသင်းခေါင်းဆောင် လစ်ခ်ျစတိန်နာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရရှိထားပြီဖြစ်ပြီး ခံစစ်ကို ထပ်မံအားဖြည့်ရန်အတွက် ဒေါ့မွန်နောက်ခံလူ ဆိုကရာတစ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၆ သန်းဖြင့် ၀ယ်ယူရန်လည်း အာဆင်နယ်က ဆက်လက် ကြိုးပမ်းလျက်ရှိသည်။




FOLLOW US