News

POST TAGGED AS

LUCAS MOURA

08-Nov-2017

Soccer PSG Ligue UEFA Di Maria Lucas Moura
ပြစ်ဒဏ်ကို ရှောင်လွှဲနိုင်ရန်အတွက် ဒီမာရီယာနှင့် လူးကပ်စ်မော်ရာတို့ကို ရောင်းထုတ်ရန် ပီအက်စ်ဂျီ စီစဉ်

ပဲရစ်၊ နိုဝင်ဘာ ၈

ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ထုတ်ပြန်ပြဌာန်းထားသည့် ဘဏ္ဍာရေးမျှခြေစည်းမျည်းဖြင့် မငြိစွန်းစေရန်အတွက် ကစားသမားအချို့ကို မဖြစ်မနေ ရောင်းထုတ်ရတော့မည်ဖြစ်ပြီး ယင်းအတွက် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် တိုက်စစ်တောင်ပံကစားသမား ဒီမာရီယာနှင့် ကွင်းလယ်လူ လူးကပ်စ်မော်ရာတို့ကို အရောင်းဈေးကွက်တင်လိုက်ရန် ပီအက်စ်ဂျီက စီစဉ်နေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

ပီအက်စ်ဂျီသည် လွန်ခဲ့သည့် နွေရာသီကာလက ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ ဘာစီလိုနာတိုက်စစ်မှူး နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏသစ် ပေါင် ၁၉၈ သန်း ပေးချေခေါ်ယူခဲ့ပြီး လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင်လည်း အမ်ဘတ်ပေအပြောင်းအရွှေ့ကို အပြီးသတ်ရန် မိုနာကိုကို ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၆၆ သန်း ပေးရလိမ့်ဦးမည်ဖြစ်သည်။

ယူအီးအက်ဖ်အေတာဝန်ရှိသူများသည် ပီအက်စ်ဂျီဘက်က ယင်းကဲ့သို့ ငွေကြေးအလွန်အကျွံသုံးစွဲမှုများ ရှိလာသည့်အတွက် ဘဏ္ဍာမျှခြေစည်းမျဉ်းဖြင့် ကိုက်ညီခြင်း ရှိ၊ မရှိ စစ်ဆေးလိုက်ခြင်းဖြစ်ပြီး ပီအက်စ်ဂျီ၏ကဏ္ဍအရပ်ရပ်ဝင်ငွေတွင် ပေါင်သန်း ၇၀ လိုငွေ ပြနေကြောင်း၊ ယင်းလိုငွေကို သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ဖြည့်ဆည်းနိုင်ခြင်း မရှိခဲ့ပါက ဘဏ္ဍာရေးမျှခြေစည်းမျဉ်း ချိုးဖောက်မှုဖြင့် အရေးယူရလိမ့်မည်ဖြစ်ကြောင်း ယူအီးအက်ဖ်အေတာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့ပြီဖြစ်သည်။

ပီအက်စ်ဂျီသည် ဒီမာရီယာကို ပရီးမီးယားလိဂ်ကလပ်အသင်းများထံသို့ ရောင်းထုတ်လိုက်နိုင်မည်ဆိုပါက အတိုင်းအတာတစ်ရပ်အထိ ၀င်ငွေပြန်ရနိုင်မည်ဟု အခိုင်အမာ ယုံကြည်နေပြီး ၎င်းတို့အနေနှင့် မြင့်မားသည့် ရုပ်သံလွှင့်ခအကျိုးခံစားခွင့်တစ်ရပ် ရရှိရန်ရှိနေသည့်အတွက် ဒီမာရီယာနှင့် လူးကပ်စ်မော်ရာတို့ နှစ်ဦးတည်းကို ရောင်းထုတ်လိုက်နိုင်ရုံမျှဖြင့် ယင်းလိုငွေကို ဖြည့်တင်းနိုင်လိမ့်မည်ဟု ပီအက်စ်ဂျီက ယူဆထားသည်။




FOLLOW US