News

POST TAGGED AS

LUCAS MOURA

စပါးအသင်းသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၏နောက်ဆုံးနေ့တွင် ပီအက်စ်ဂျီကွင်းလယ်လူ လူးကပ်စ်မော်ရာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၅ သန်း ပေးချေဝယ်ယူလိုက်ပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်အပြီးတွင် မော်ရာက စပါးနှင့် ငါးနှစ်ခွဲသက်တမ်း စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း The Sun က ဖော်ပြထားသည်။
10-Jan-2018 tagged as Soccer Manchester United PSG Ligue Lucas Moura
မန်ယူအသင်းသည် ပီအက်စ်ဂျီကွင်းလယ်လူ လူးကပ်စ်မော်ရာကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် လူးကပ်စ်မော်ရာအပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၅ သန်းဖြင့် သဘောတူညီမှု ရလိုက်ခြင်းဖြစ်သည်ဟု The Sun က ဖော်ပြထားသည်။
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်း ကွင်းလယ်ကစားသမား လူကပ်စ်မော်ရာသည် မန်ယူထံသို့ ပြောင်းရွှေ့ခွင့်ရနိုင်ရေးတစ်ခုတည်းကိုသာ ရည်မှန်းထားပြီး ယင်းအတွက် အခြားသောကမ်းလှမ်းမှုအရပ်ရပ်ကို မော်ရာက ငြင်းဆန်ပယ်ချထားကြောင်း The Sun က ဖော်ပြထားသည်။
08-Nov-2017 tagged as Soccer PSG Ligue UEFA Di Maria Lucas Moura
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ထုတ်ပြန်ပြဌာန်းထားသည့် ဘဏ္ဍာရေးမျှခြေစည်းမျည်းဖြင့် မငြိစွန်းစေရန်အတွက် ကစားသမားအချို့ကို မဖြစ်မနေ ရောင်းထုတ်ရတော့မည်ဖြစ်ပြီး ယင်းအတွက် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် တိုက်စစ်တောင်ပံကစားသမား ဒီမာရီယာနှင့် ကွင်းလယ်လူ လူးကပ်စ်မော်ရာတို့ကို အရောင်းဈေးကွက်တင်လိုက်ရန် ပီအက်စ်ဂျီက စီစဉ်နေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။