News

POST TAGGED AS

LOUIS VAN GAAL

24-Jan-2018 tagged as Soccer World Cup Australia Louis van Gaal
သြစတြေးလျဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မတိုင်မီတွင် လက်ရွေးစင်အသင်းအတွက် နည်းပြသစ်တစ်ဦး ခေါ်ယူခန့်အပ်နိုင်ရန် စီစဉ်နေပြီဖြစ်ကာ ယင်းနည်းပြသစ်လျာထားစာရင်းတွင် မန်ယူနည်းပြဟောင်း ဗန်ဟားလ်လည်း ပါဝင်လျက်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
လက်ရှိနည်းပြ မော်ရင်ညိုမတိုင်မီတွင် မန်ယူကို တာဝန်ယူခဲ့သည့် နည်းပြဗန်ဟားလ်သည် မန်ယူ၏ကစားဟန်မှာ ၎င်းတာဝန်ယူခဲ့စဉ်ကထက် မော်ရင်ညို၏လက်ထက်တွင် ပို၍ပျင်းရိဖွယ်ရာကောင်းလာကြောင်း ဝေဖန်ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။