News

POST TAGGED AS

LIVERPOOL

ဘာစီလိုနာတိုက်စစ်မှူးဟောင်း အီတူးသည် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို မက်ဆီနှင့် စီရော်နယ်ဒိုတို့ကဲ့သို့သော စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားသည့်ကစားသမားဟု ချီးမွမ်းခန်းဖွင့်သွားခဲ့ပြီး ဆာလားဟ်မှာ များမကြာမီကာလအတွင်း ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ကစားသမားတစ်ဦးအဖြစ်သို့ သေချာပေါက် ရောက်ရှိလာတော့မည်ဖြစ်ကြောင်းလည်း အီတူးက ဆက်လက်မှတ်ချက်ပေးသွားခဲ့သေးသည်ဟု Daily Mail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဂိုးသမားနေရာကို အင်အားဖြည့်တင်းရန်အတွက် စတုတ်စီးတီးဂိုးသမား ဘတ်လန်းကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
လီဗာပူးနှင့် စပါးတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး ဂျွန်မော့စ်သည် ယင်းပွဲစဉ်တွင် စပါးအသင်းကို ပထမအကြိမ် ပင်နယ်တီကန်ခွင့် သတ်မှတ်ပေးလိုက်ရာ၌ ၎င်း၏ဆုံးဖြတ်ချက်မှားယွင်းခဲ့သည်ဟု ဖွင့်ဟ၀န်ခံလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
05-Feb-2018 tagged as Liverpool Soccer Everton Firmino Holgate FA Cup
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် လီဗာပူးတိုက်စစ်မှူး ဖာမင်ညိုကို လူမျိုးရေးခွဲခြားစော်ကားသည့်ကိစ္စရပ်အတွက် စွဲချက်တင်သင့်၊ မတင်သင့်ကို ယခုသီတင်းပတ်အတွင်း ဆုံးဖြတ်သွားတော့မည်ဖြစ်ပြီး အကယ်၍ စွဲချက်တင်ခံလိုက်ရမည်ဆိုပါက ဖာမင်ညိုမှာ လီဗာပူးတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ကဲ့သို့ ရှစ်ပွဲပြစ်ဒဏ် ကျခံရရန် နီးစပ်သွားလိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသော လီဗာပူးနောက်ခံကစားသမားဟောင်း ကာရေဂါသည် လီဗာပူးနှင့် စပါးတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးအတွက် ဆာလားဟ်သွင်းယူပေးခဲ့သော ဒုတိယမြောက်ဂိုးကို ပညာသားပါသည့် သေသပ်လှပသောသွင်းဂိုးဟု ချီးမွမ်းခန်းဖွင့်လိုက်ကာ လက်ရှိဘောလုံးလောကအတွင်း ယင်းကဲ့သို့သောဂိုးမျိုးကို ဆာလားဟ်အပြင် နောက်ထပ်သွင်းယူနိုင်စွမ်းရှိသူမှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသာရှိသည်ဟုလည်း ကာရေဂါက မှတ်ချက်ပေးအပ်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
လီဗာပူးနောက်ခံကစားသမား ဗန်ဒစ်ဂ်ျသည် စပါးကစားသမားများကို “ဒိုင်ဗင်သမားများ”ဟု သုံးနှုန်းခေါ်ဝေါ်ကာ ဝေဖန်လိုက်ပြီး လီဗာပူးနှင့် စပါးတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးကစားသမားများမှာ ဟန်ဆောင်ဒိုင်ဗင်ထိုးရန် တစ်ချိန်လုံးနီးပါး အဆင်သင့်ဖြစ်နေခဲ့ကြကြောင်း ဗန်ဒစ်ဂ်ျက မှတ်ချက်ပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လီဗာပူးနှင့် စပါးတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးအသင်းကို နောက်ကျပင်နယ်တီ ပေးအပ်လိုက်သည့်ကိစ္စအတွက် ဒေါသပေါက်ကွဲနေပြီး ဒိုင်လူကြီးများအနေနှင့် ဖြစ်ရပ်တစ်ခုကို ကိုင်တွယ်ရာတွင် အာရုံစူးစိုက်ကာ စဉ်းစားဆင်ခြင်မှုအပြည့်ဖြင့် တာဝန်ယူဖြေရှင်းရန် လိုအပ်လျက်ရှိကြောင်း ဂျာဂင်ကလော့ပ်က ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်ဂိုးသမား ပီတာချက်သည် အာဆင်နယ်က အဲဗာတန်ကို ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပေါင်ကြွက်သားလုံး ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် ဆေးကုသမှုများ ခံယူနေရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဝက်စ်ဘရွန်းနည်းပြ အလန်ပါဂျူးသည် ၀က်စ်ဘရွန်းက လီဗာပူးကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်တွင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)စနစ်၏ချို့ယွင်းချက်များကြောင့် ၎င်းတို့အနေနှင့် လွန်စွာထိခိုက်နစ်နာခဲ့ရသည်ဟု ပြစ်တင်ဝေဖန်သွားခဲ့ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)တာဝန်ရှိသူများဘက်က VAR စနစ်အသုံးပြုခြင်းကို ပြန်လည်သုံးသပ်ဆန်းစစ်သင့်ကြောင်းလည်း အလန်ပါဂျူးက ဆက်လက် တိုက်တွန်းသွားခဲ့သေးသည်ဟု Daily Mail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အာဆင်နယ်အနေနှင့် အသင်းအဓိကကစားသမား ဆန်းချက်ဇ်ကို မန်ယူထံသို့ ရောင်းချလိုက်သည်မှာ မလုပ်သင့် မလုပ်အပ်သည့် အကြောင်းတရားတစ်ခုဖြစ်ကြောင်း ထောက်ပြဝေဖန်လိုက်ပြီး လီဗာပူးကမူ ယခုကဲ့သို့ ရာသီဝက်ကာလမျိုးတွင် အသင်းအဓိကကစားသမားတစ်ဦးကို အန္တရာယ်ပေးနိုင်စွမ်းအပြည့်ရှိသည့် အနီးကပ်ပြိုင်ဘက်ထံသို့ မည်သည့်အခါမျှ ရောင်းချပေးမည် မဟုတ်ကြောင်းလည်း ဂျာဂင်ကလော့ပ်က ပြောကြားသွားခဲ့သည်ဟု Goal က ဖော်ပြထားသည်။