News

POST TAGGED AS

LIVERPOOL

ရီးရဲလ်မက်ဒရစ်အသင်းသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် နည်းပြဇီဒန်းကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ယင်းနေရာကို အစားထိုးရန်အတွက် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကို ပထမဦးစားပေးအဖြစ် ပစ်မှတ်ထားကာ ဆက်သွယ်သွားလိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
လီဗာပူးနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ယှဉ်ပြိုင်ကစားရန်အတွက် လီဗာပူးအသင်းပိုင် အန်ဖီးလ်ဘောလုံးကွင်းသို့ ရောက်ရှိလာခဲ့သော မန်စီးတီးအသင်းသည် ၎င်းတို့စီးနင်းလိုက်ပါလာသော အသင်းဘတ်စ်ကားကို လီဗာပူးပရိသတ်များက ရန်ပြုတိုက်ခိုက်သည့်အခြေအနေဖြင့် ကြုံဆုံရင်ဆိုင်ခဲ့ရပြီး ယင်းဖြစ်စဉ်အတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးအသင်း ကွင်းလုံခြုံရေးဝန်ထမ်းများကို အလွန်အမင်း ဒေါသပေါက်ကွဲခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးသည် ပရော်ဖက်ရှင်နယ်ကစားသမားများအစည်းအရုံး(PFA)က ပေးအပ်ချီးမြှင့်မည့် တစ်နှစ်တာစွမ်းဆောင်ရည်အကောင်းဆုံးကစားသမားဆုအတွက် ဆန္ဒမဲကောက်ခံရာတွင် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို မဲပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
လီဗာပူးအသင်း၏တက်သစ်စ လူငယ်ကစားသမား အလက်ဇန္ဒားအာနိုးလ်၏အဖွားဖြစ်သူသည် မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်၏အချစ်ဦးဖြစ်ပြီး အလက်ဇန္ဒားအာနိုးလ်၏အဖွားနှင့် ၎င်းအကြား ပတ်သက်ခဲ့မှုကို ဖာဂူဆန်က ၎င်း၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်၌ပင်လျှင် ထည့်သွင်းဖော်ပြခဲ့ဖူးကြောင်း Daily Mail က ဖော်ပြထားသည်။
26-Mar-2018 tagged as Liverpool Soccer Firmino Holgate FA Cup
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် လီဗာပူးက အဲဗာတန်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွင်ဖြစ်ပွားခဲ့သော လီဗာပူးတိုက်စစ်မှူး ဖာမင်ညိုက အဲဗာတန်နောက်ခံလူ ဟိုးလ်ဂိတ်ကို လူမျိုးရေးခွဲခြားသည့်စကားရပ်များဖြင့် သုံးနှုန်းစော်ကားခဲ့သည့်ဖြစ်စဉ်ကို စစ်ဆေးမှုများဆောင်ရွက်အပြီးတွင် ဖာမင်ညို၌ အပြစ်မရှိဟုဆုံးဖြတ်လိုက်ကြောင်း Daily Maul က ဖော်ပြထားသည်။
25-Mar-2018 tagged as Liverpool Soccer Premier League Salah
လီဗာပူးတိုက်စစ်မှူး ဆာလားဟ်၏တန်ကြေးသည် ရိုးမားမှနေ၍ လီဗာပူးထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့အပြီး ခြောက်လအကြာတွင် နှစ်ဆနီးပါး မြင့်တက်သွားခဲ့ပြီဖြစ်ပြီး လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ဆာလားဟ်၏တန်ကြေးမှာ ထပ်မံမြင့်တက်သွားနိုင်သေးကြောင်း The Mirror က ဖော်ပြထားသည်။
လီဗာပူးအသင်းသည် စတုတ်စီးတီးဂိုးသမား ဘတ်လန်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏတစ်ရပ် အသုံးပြုခေါ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် ယခုသီတင်းပတ်အတွင်း ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များအတွက် ဒိုင်လူကြီးစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ မန်ယူနှင့် လီဗာပူးတို့၏ပွဲစဉ်ကို ဒိုင်လူကြီး ခရတ်ဂ်ျပေါဆန်က တာဝန်ယူခွင့်ရသွားခဲ့သည့်အတွက် လီဗာပူးအသင်းအားပေးသူများမှာ စိုးရိမ်ပူပန်နေကြကြောင်း Sportmail က ဖော်ပြထားသည်။
04-Mar-2018 tagged as Liverpool Soccer Premier League Salah Firmino
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် တိုက်စစ်မှူး ဖာမင်ညိုကို စာချုပ်သစ်တစ်ရပ် အမြန်ဆုံးလက်မှတ်ရေးထိုးပေးပါရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းတောင်းဆိုသွားခဲ့ပြီဖြစ်ကာ လက်ရှိတွင် ဖာမင်ညိုကို ခေါ်ယူရန် ပြိုင်ဘက်ကလပ်များက စောင့်ကြည့်မှုများရှိလာခဲ့ပြီဖြစ်၍ စာချုပ်သစ်ချုပ်ဆိုထားနိုင်မှသာလျှင် စိတ်ချရလိမ့်မည်ဖြစ်ကြောင်းလည်း ဂျာဂင်ကလော့ပ်က ထုတ်ဖော်ပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းတို့အနေနှင့် များမကြာမီတွင် မန်ယူကို ကျော်ဖြတ်၍ အမှတ်ပေးဇယား၏အဆင့်နှစ်နေရာကို ရယူတော့မည်ဟု ကြုံးဝါးပြောကြားလိုက်ပြီး နယူးကာဆယ်နှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင် မန်ယူရှုံးနိမ့်လိမ့်မည်ဟု ၎င်းအနေနှင့် လုံးဝပင် မှတ်ထင်မထားခဲ့ဟုလည်း ဂျာဂင်ကလော့ပ်က မှတ်ချက်ပေးသွားခဲ့သေးကြောင်း The Mirror က ဖော်ပြထားသည်။