News

POST TAGGED AS

LIVERPOOL

29-Apr-2018 tagged as Liverpool Soccer Premier League Salah
လီဗာပူးအသင်းတာဝန်ရှိသူများသည် အသင်းတိုက်စစ်မှူး ဆာလားဟ်ကို လုပ်ခလစာ နှစ်ဆတိုးမြှင့်ပေးရန် စီစဉ်နေပြီဖြစ်ပြီး လက်ရှိအခြေအနေများအရ ယင်းသို့ လုပ်ခလစာတိုးမြှင့်ပေးမှသာလျှင် လီဗာပူးမှာ ဆာလားဟ်ကို အသင်းထံတွင် ဆက်လက်ထိန်းသိမ်းသွားနိုင်တော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အသင်းကွင်းလယ်ကစားသမား ချိန်ဘာလိန်း ဒဏ်ရာပြန်လည် သက်သာလာမည့်အချိန်ကို ထောင်ကျသွားသော ခင်ပွန်းအား ဇနီးကောင်းတစ်ဦးက သစ္စာရှိစွာ စောင့်ဆိုင်းသွားသကဲ့သို့ အချိန်ပေးစောင့်ဆိုင်းသွားမည်ဟု အသိပေးပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
26-Apr-2018 tagged as Liverpool Soccer Champions League Gerrard
လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျာရတ်သည် လီဗာပူးအနေနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့အနက်မှ မည်သည့်အသင်းနှင့်တွေ့သည်ဖြစ်စေ ကြောက်ရွံ့ရန် မလိုကြောင်း မှတ်ချက်ပေးပြောကြားလိုက်ပြီး ယင်းနှစ်သင်းလုံးတွင် ကြီးစွာသောချို့ယွင်းချက်များရှိနေခြင်းက လီဗာပူးအတွက် အခွင့်အရေးတစ်ရပ်ဖြစ်လာလိမ့်မည်ဟု ဂျာရတ်က အသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
26-Apr-2018 tagged as Liverpool Soccer Premier League Chamberlain
လီဗာပူးကွင်းလယ်ကစားသမား ချိန်ဘာလိန်းသည် လီဗာပူးက ရိုးမားကို ငါးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ဒူးအရွတ်ထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်္ဂလန်လက်ရွေးစင်အသင်းအား ကိုယ်စားပြု၍ ပါဝင်ကစားပေးနိုင်တော့မည် မဟုတ်ကြောင်း BBC က ဖော်ပြထားသည်။
26-Apr-2018 tagged as Liverpool Soccer Premier League Salah
လီဗာပူးတိုက်စစ်မှူး ဆာလားဟ်သည် များမကြာမီတွင် ကျရောက်လာတော့မည့် အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ရာမာဒန်ဥပုသ်လကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ လီဗာပူးအသင်း တက်လှမ်းနိုင်ခဲ့ပါက အခက်အခဲတစ်ရပ်ဖြင့် ကြုံဆုံရဖွယ်ရှိနိုင်ကြောင်း ရာမာဒန်ဥပုသ်လကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ လီဗာပူတက်လှမ်းနိုင်ခဲ့ပါက ဆာလားဟ် အခက်ကြုံရဖွယ်ရှိနိုင်ကြောင်း The Sun က ဖော်ပြထားသည်။
လီဗာပူးအသင်းသည် ၎င်းတို့၏တိုက်စစ်မှူး ဆာလားဟ်ကိုခေါ်ယူရန် ရီးရဲလ်မက်ဒရစ်က ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၂၀၀ ပေးကာ ကမ်းလှမ်းလာလျှင်လည်း လက်မခံဘဲ ငြင်းဆန်ပယ်ချလိုက်မည်သာဖြစ်သည်ဟု အသိပေးထားကြောင်း Daily Mail က ဖော်ပြထားသည်။
25-Apr-2018 tagged as Liverpool Soccer Champions League Roma
လီဗာပူးရဲတပ်ဖွဲ့တာဝန်ရှိသူများသည် လီဗာပူးအသင်းပရိသတ်တစ်ဦးကို အသက်သေလုမျောပါးဖြစ်သည်အထိ တိုက်ခိုက်ခဲ့မှုဖြင့် ရိုးမားပရိသတ်နှစ်ဦးကို ဖမ်းဆီးထိမ်းသိမ်းလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ ချန်ပီယံဖလားပြိုင်ပွဲကျင်းပရေးကော်မတီသည် လာမည့် ၂၀၁၈ ဘောလုံးရာသီအကြိုကာလ အပြည်ပြည်ဆိုင်ရာ ချန်ပီယံဖလားပြိုင်ပွဲတွင် မန်ယူနှင့် လီဗာပူးတို့ကို ထိပ်တိုက်တွေ့ဆုံပေးနိုင်စေရန် အစီအစဉ် ရေးဆွဲနေပြီဖြစ်ပြီး ယင်းပွဲစဉ်ကို မီချီဂန်ဘောလုံးကွင်းတွင် ကျင်းပရန်အထိ စိတ်ကူးထားကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီတာဝန်ရှိသူတစ်ဦးက အသိပေးပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
11-Apr-2018 tagged as Liverpool Soccer Champions League Roma
ရိုးမားနှင့် လီဗာပူးတို့သည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ်များတွင် ပြိုင်ဘက်များကို အသီးသီး အနိုင်ယူ၍ ဆီမီးဖိုင်နယ်အဆင့်သို့ ဆက်လှမ်းတက်လှမ်းသွားခဲ့ပြီဖြစ်ကာ ရိုးမားမှာ ပထမအကျော့၌ လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ထားသည်ကို ပြောင်းပြန်လှန်၍ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်သွားခဲ့ခြင်းဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
10-Apr-2018 tagged as Liverpool Champions League UEFA
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် လီဗာပူးက မန်စီးတီးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် မန်စီးတီးအသင်း စီးနင်းလာသောဘတ်စ်ကားကို လီဗာပူးပရိသတ်များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့သောဖြစ်စဉ်အတွက် လီဗာပူးအသင်းကို အရေးယူရန် စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။