News

POST TAGGED AS

LIVERPOOL

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် အသက် ၂၄ နှစ်အရွယ်ရှိ လိုင်ယွန်တိုက်စစ်မှူး ဖာကီရာကိုခေါ်ယူရန် လူချင်းတွေ့ဆုံ၍ စည်းရုံးရေးဆင်းခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
08-May-2018 tagged as Liverpool Soccer Serie A Juventus Sami Khedira
လီဗာပူးအသင်းသည် အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ဂျူဗင်တပ်ကွင်းလယ်ကစားသမား ခီဒီရာကို ခေါ်ယူရန် စီစဉ်လိုက်ပြီဖြစ်ပြီး ခီဒီရာအပြောင်းအရွှေ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီတွင် ဂျူဗင်တပ်အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရနိုင်ရန် လီဗာပူးက စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အသင်းတိုက်စစ်မှူးကို ဆာလားဟ်ကို နောက်နောင်တွင် ဟန်ဆောင်ဒိုင်ဗင်ထိုးသည့် အပြုအမူကို လုံးဝရှောင်ရှားရန် သတိပေးစကားပြောကြားလိုက်ကြောင်း ဟန်ဆောင်ဒိုင်ဗင်ထိုးခြင်းဟူသည်မှာ ၎င်းမြင်တွေ့လိုသည့် စွမ်းဆောင်ရည်မျိုးမဟုတ်ဟုလည်း ဂျာဂင်ကလော့ပ်က အတိအလင်း ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်ကစားသမားများ၏ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခြင်းအတွက် ဆုကြေးအကျိုးခံစားခွင့်သည် လီဗာပူးကစားသမားများထက် ဆယ်ဆ ပိုများကြောင်း Marca က ဖော်ပြထားသည်။
06-May-2018 tagged as Liverpool Soccer Premier League Mignolet
လီဗာပူးဂိုးသမား မစ်ဂ်နိုလက်သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် လီဗာပူးကိုစွန့်ခွာ၍ အသင်းပြောင်းရန် ဆုံးဖြတ်ထားပြီဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်က စောင့်ကြည့်မှုများရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
လီဗာပူးနောက်ခံကစားသမား ဂျိုးဂိုမက်ဇ်သည် ၎င်းရရှိထားသော ခြေမျက်စိဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရဖွယ်ရှိနေပြီဖြစ်၍ အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ရနိုင်ဖွယ် မရှိတော့ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်သည် ၎င်းတို့အနေနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည့် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို ကြောက်ရွံ့နေမည်မဟုတ်ဘဲ ဆာလားဟ်မှာ လီဗာပူးကစားသမား ၁၁ ဦးအနက်မှနေ၍ တစ်ဦးသာဖြစ်သည်ဟု ရာမို့စ်က ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
လီဗာပူးတိုက်စစ်မှူး ဆာလားဟ်သည် လက်ရှိဘောလုံးရာသီ စွမ်းဆောင်ရည်များအတွက် ဘောလုံးအားကစားကလောင်ရှင်များ အစည်းအရုံးက ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုဆွတ်ခူးရယူသွားနိုင်ခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
အီတလီစီးရီးအေကလပ် ဂျုဗင်တပ်အသင်းသည် လီဗာပူးကွင်းလယ်ကစားသမား အမ်မရီကန်ကို ငါးနှစ်သက်တမ်းရှိ အကြိုသဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကာ ယင်းအတွက် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အမ်မရီကန်က လီဗာပူးကိုစွန့်ခွာ၍ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ရန် သေချာသွားခဲ့ပြီဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
30-Apr-2018 tagged as Liverpool Soccer Firmino EPL
လီဗာပူးအသင်းသည် အသင်းတိုက်စစ်မှူး ဖာမင်ညိုကို ငါးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်နိုင်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ ဖာမင်ညိုမှာ လီဗာပူးထံတွင် ၂၀၂၃ ခုနှစ်တိုင်သည်အထိ ဆက်ရှိသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။