News

POST TAGGED AS

LIVERPOOL

22-Aug-2018 tagged as Liverpool Soccer Premier League Salah
ရီးရဲလ်မက်ဒရစ်အသင်းသည် စီရော်နယ်ဒိုကို ဂျူဗင်တပ်ထံသို့ ရောင်းထုတ်လိုက်အပြီးတွင် ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကိုခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကာယကံရှင် ကစားသမားဖြစ်သူက ကမ်းလှမ်းမှုအ၀၀ကို ငြင်းဆန်ပယ်ချလိုက်သည့်အတွက် အပြောင်းအရွှေ့ အထမမြောက်နိုင်ဖြစ်ခဲ့ရကြောင်း Marca က ဖော်ပြထားသည်။
13-Aug-2018 tagged as Liverpool Soccer Premier League Lovren
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အသင်းနောက်ခံလူ လော့ဗ်ရန်မှာ ပေါင်ခြံဒဏ်ရာရရှိထားခြင်းကြောင့် အနိမ့်ဆုံးအဖြစ် သီတင်းသုံးပတ်ခန့် ထပ်မံအနားယူပြီးမှသာ ပွဲထွက်ကစားနိုင်ဖွယ်ရှိသည်ဟု မှတ်ချက်ပေးပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
01-Aug-2018 tagged as Liverpool Soccer Barcelona Mignolet Cillessen
ဘာစီလိုနာအသင်းသည် အသင်းအရန်ဂိုးသမား ဆီလက်စ်ဆန်ကို လက်လွှတ်ရဖွယ်အခြေအနေများ ရှိလာခြင်းကြောင့် ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် လီဗာပူးအရန်ဂိုးသမား မစ်ဂ်နိုလက်ကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် မန်ယူနည်းပြ မော်ရင်ညိုမှာ ဘောလုံးရာသီသစ် မစတင်မီကတည်းကပင် လီဗာပူးအသင်း ဖိအားအောက်ရောက်သွားသည်ကို မြင်တွေ့လိုလျက်ရှိသည်ဟု ဝေဖန်ပြောကြားလိုက်ပြီး မော်ရင်ညို၏စိတ်ဓာတ်စစ်ဆင်ရေးစကားများကို နားမယောင်ရန်လည်း အသင်းကစားသမားများကို ဂျာဂင်ကလော့ပ်က သတိပေးထားသေးကြောင်း The Mirror က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အသင်းအတွက် ပေါင်သန်း ၁၀၀ ခန့် ၀င်ငွေပြန်ရစေရန်အတွက် ကစားသမား ၁၀ ဦးခန့်ကို ပြန်လည်ရောင်းထုတ်တော့မည်ဖြစ်ပြီး လီဗာပူးအသင်း ရောင်းထုတ်တော့မည့် ကစားသမားစာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိနေသူများမှာ ဂိုးသမား ကာရီးရပ်စ်နှင့် တိုက်စစ်မှူး ဒင်နီအင့်ဂ်တို့ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
23-Jul-2018 tagged as Liverpool Soccer Dortmund ICC Cup
လီဗာပူးအသင်းသည် အပြည်ပြည်ဆိုင်ရာချန်ပီယံဖလား အဖွင့်ပွဲစဉ်အဖြစ် ဒေါ့မွန်နှင့်ယှဉ်ပြိုင်ရာတွင် သုံးဂိုး တစ်ဂိုးဖြင့် အရေးနိမ့်သွားခဲ့ပြီး ဒေါ့မွန်မှာ ယခုပွဲစဉ်ကို ထပ်မံအနိုင်ရလိုက်သည့်အတွက် နှစ်ပွဲဆက် အနိုင်ရလဒ်နှင့်အတူ ချန်ပီယံဖြစ်ရန် လွန်စွာ အခြေအနေကောင်းမွန်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
20-Jul-2018 tagged as Liverpool Soccer Premier League
လီဗာပူးအသင်းသည် အီတလီစီးရီးအေကလပ် ရိုးမားထံမှနေ၍ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၅ သန်း ပေးချေကာ ခေါ်ယူလိုက်သော ဘရာဇီးလက်ရွေးစင်ဂိုးသမား အယ်လ်လီဆန်ကို အသင်းကစားသမားအဖြစ် တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ကာ အယ်လ်လီဆန်ကိုခေါ်ယူရန်အတွက် လီဗာပူးအသင်း အသုံးပြုလိုက်သော ပြောင်းရွှေ့ကြေးပမာဏမှာ ဂိုးသမားတစ်ဦးခေါ်ယူရာတွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏအသုံးပြုခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီလည်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
19-Jul-2018 tagged as Liverpool Soccer Premier League Chamberlain
လီဗာပူးကွင်းလယ်ကစားသမား ချိန်ဘာလိန်းသည် ၎င်း၏ညာဘက်ဒူးရှိ အရွတ်များအားလုံး ပျက်စီးနေခြင်းကို အနားယူဆေးကုသခံရတော့မည်ဖြစ်၍ ရှေ့လာမည့် ဘောလုံးရာသီ တစ်ရာသီလုံးကို ပြိုင်ပွဲများ ကစားနိုင်ဖွယ်မရှိတော့ဘဲ လွဲချော်ရဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးနှင့် လီဗာပူးတို့သည် ရိုးမားဂိုးသမား အယ်လ်လီဆန်ကိုခေါ်ယူရန်အတွက် အပြိုင်အဆိုင် ကမ်းလှမ်းဆက်သွယ်နေကြပြီဖြစ်ပြီး ချယ်လ်ဆီးမှာ အသင်းပွဲထွက်ဂိုးသမား ကော်တွာကို ရီးရဲလ်မက်ဒရစ်ထံသို့ လက်လွှတ်လိုက်ရမည့်အခြေအနေကြောင့်လည်းကောင်း၊ လီဗာပူးမှာ အသင်းပွဲထွက်ဂိုးသမား ကာရီးရပ်စ်၏လက်စွမ်းကို စိတ်မချရသော အခြေအနေကြောင့်လည်းကောင်း အယ်လ်လီဆန်ကို ခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်ဟု Daily Star က ဖော်ပြထားသည်။
12-Jul-2018 tagged as Liverpool Soccer Ligue Nabil Fekir Lyon
ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားနေသည့် လိုင်ယွန်ကွင်းလယ်ကစားသမား ဖာကီရာသည် ၎င်းကို လီဗာပူးထံသို့ ပြောင်းရွှေ့ခွင့်ပေးပါရန် အသင်းတာဝန်ရှိသူများထံ ပန်ကြားတောင်းဆိုထားမှုကို လိုင်ယွန်ဒါရိုက်တာဘုတ်အဖွဲ့က လက်ခံပေးလိုက်ပြီဖြစ်ပြီး ယင်းအတွက် လီဗာပူးအသင်းမှာ ဖာကီရာကို ခေါ်ယူရေးလုပ်ငန်းစဉ်အတွက် လိုင်ယွန်နှင့် ဆွေးနွေးညှိနှိုင်းမှုများကို တစ်ကျော့ပြန်လည် စတင်လိုက်နိုင်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။