POST TAGGED AS

LIVERPOOL

ဂျူဗင်တပ်အသင်းသည် လီဗာပူးကွင်းလယ်ကစားသမား အမ်မရီကန်ကို ခေါ်ယူရန်အတွက် ပုဂ္ဂိုလ်ရေးအချက်အလက်များ သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ပြီး ယင်းအတွက် လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အမ်မရီကန်မှာ လီဗာပူးကိုစွန့်ခွာ၍ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
လီဗာပူးတိုက်စစ်တောင်ပံကစားသမား မာနေးသည် လီဗာပူးနှင့် ချယ်လ်ဆီးတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်းကို ပွဲပြီးရန် မိနစ်အနည်းငယ်သို့ရောက်မှ လူစားလဲလှယ်ထည့်သွင်းခဲ့ခြင်းအတွက် နည်းပြဂျာဂင်ကလော့ပ်နှင့် စကားအချေအတင်ဖြစ်ခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ဆီဗီလာနည်းပြ အဒူယာဒို ဘီရစ်ဇ်ဇိုသည် ဆီဗီလာနှင့် လီဗာပူးတို့ တစ်ဖက်သုံးဂိုးစီ သရေကျခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အပြီးတွင် အသင်းကစားသမားများကို ကျေးဇူးတင်စကားပြောကြားသွားခဲ့ပြီး ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်အပြီးတွင် ၎င်း ကင်ဆာရောဂါခံစားနေရသည့်အကြောင်းကို အသင်းကစားသမားများ သိရှိသွားခဲ့ခြင်းက ပွဲကို အလှည့်အပြောင်းဖြစ်သွားစေခဲ့ခြင်းဖြစ်သည်ဟု ဘီရစ်ဇ်ဇိုက မှတ်ချက်ပေးပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
14-Nov-2017 tagged as Liverpool Soccer Premier League Clyne
လီဗာပူးနောက်ခံကစားသမား ကလိုင်နေးသည် နောက်ကျောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူလိုက်သည့်အတွက် သုံးလကြာ အနားယူရတော့မည်ဖြစ်ပြီး ကလိုင်နေးကို လက်လွှတ်လိုက်ရခြင်းကြောင့် ဒီဇင်ဘာပွဲကျပ်ကာလတွင် အသင်းအတွက် အကျပ်အတည်းများဖြစ်ပေါ်လာမည်ကို နည်းပြဂျာဂင်ကလော့ပ်က စိုးရိမ်ပူပန်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
13-Nov-2017 tagged as Liverpool Soccer Mane Senegal
ဆီနီဂေါဘောလုံးအဖွဲ့ချုပ်သည် ဆီနီဂေါက တောင်အာဖရိကကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာဖရိကဇုန်ခြေစစ်ပွဲ ပြန်ကန်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရသွားခဲ့သည့် တိုက်စစ်တောင်ပံကစားသမား မာနေးကို ၎င်းင်း၏မိခင်ကလပ် လီဗာပူးထံသို့ ပြန်လည်စေလွှတ်ပေးလိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းကိုခေါ်ယူရန် လီဗာပူးမတိုင်မီတွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးအချို့က ကမ်းလှမ်းဆက်သွယ်ခဲ့သော်လည်း ၎င်းအနေနှင့် လက်မခံဖြစ်ခဲ့ကြောင်း လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဖွင့်ဟအသိပေးခဲ့ကာ လက်ရှိတွင် ယင်းအသင်းများမှာ မန်ယူ၊ မန်စီးတီးနှင့် စပါးတို့ဖြစ်ကြောင်း ဂျာဂင်ကလော့ပ်က ၎င်း၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် ထည့်သွင်းဖော်ပြထားပြီဖြစ်သည်ဟု Sportmail က ဖော်ပြထားသည်။
လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ညိုသည် လီဗာပူးအသင်းတာဝန်ရှိသူများကို ၎င်းအား ပီအက်စ်ဂျီထံသို့ မဟုတ်ဘဲ ဘာစီလိုနာထံသို့သာ ရောင်းချပေးစေလိုသည်ဟု တောင်းဆိုပြောကြားထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
02-Nov-2017 tagged as Liverpool Soccer Premier League Wijnaldum
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည်လီဗာပူးက မာရီဘောကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ခြေမျက်စိ ထိခိုက်ဒဏ်ရာရသွားခဲ့သည့် ကွင်းလယ်ကစားသမား ၀စ်ဂ်ျနယ်လ်ဒမ်းကို ကာလအတန်ကြာ အနားပေးလိုက်ရမည်အား လွန်စွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ပြိုင်ဘက် မန်စီးတီးအသင်း၏စွမ်းဆောင်ရည်များကို ချီးကျူးစကားများ ပြောကြားလိုက်ပြီဖြစ်ပြီး လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့မည်ဆိုပါက လာမည့် နှစ်သစ်ကူး ဇန်နဝါရီကာလ၌ပင်လျှင် မန်စီးတီးမှာ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးရယူသွားနိုင်ဖွယ်ရှိကြောင်း ဂျာဂင်ကလော့ပ်က မှတ်ချက်ပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
27-Oct-2017 tagged as Liverpool Soccer Premier League Coutinho
ဘာစီလိုနာအသင်းသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် လီဗာပူးကွင်းလယ်လူ ကော်တင်ညိုကိုခေါ်ယူလိုပါက ကစားသမားငါးဦးခန့် ရောင်းထုတ်၍ အသင်း၏လုပ်ခလစာပေးချေနေရမှုကို ပြန်လည်ချိန်ညှိရလိမ့်မည်ဖြစ်ကြောင်း El Mundo Deportivo က ဖော်ပြထားသည်။