News

POST TAGGED AS

LIVERPOOL

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အာဆင်နယ်အနေနှင့် အသင်းအဓိကကစားသမား ဆန်းချက်ဇ်ကို မန်ယူထံသို့ ရောင်းချလိုက်သည်မှာ မလုပ်သင့် မလုပ်အပ်သည့် အကြောင်းတရားတစ်ခုဖြစ်ကြောင်း ထောက်ပြဝေဖန်လိုက်ပြီး လီဗာပူးကမူ ယခုကဲ့သို့ ရာသီဝက်ကာလမျိုးတွင် အသင်းအဓိကကစားသမားတစ်ဦးကို အန္တရာယ်ပေးနိုင်စွမ်းအပြည့်ရှိသည့် အနီးကပ်ပြိုင်ဘက်ထံသို့ မည်သည့်အခါမျှ ရောင်းချပေးမည် မဟုတ်ကြောင်းလည်း ဂျာဂင်ကလော့ပ်က ပြောကြားသွားခဲ့သည်ဟု Goal က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လီဗာပူးက မန်စီးတီးကို လေးဂိုး သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ယခုနိုင်ပွဲအတွက် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်သော လီဗာပူးကွင်းလယ်ကစားသမားဟောင်း ကော်တင်ညိုမှာလည်း နေအိမ်ဧည့်ခန်းအတွင်း၌ ခုန်ပေါက်အောင်ပွဲခံနေလိမ့်မည်ဟု ယုံကြည်ကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု The Bild က ဖော်ပြထားသည်။
ပရီးမီးယားလိဂ် ဝါရင့်နည်းပြများအနက်တွင် တစ်ဦးအပါအ၀င်ဖြစ်သော ဂရေမီဆောင်းနက်စ်သည် လီဗာပူးနောက်ခံလူ ဗန်ဒစ်ဂ်ျမှာ လာမည့်နှစ်အနည်းငယ်အတွင်းတွင် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့၏မျက်စိကျခြင်းကို ကျိန်းသေခံရမည့် ကစားသမားတစ်ဦးအဖြစ်သို့ ရောက်လာလိမ့်မည်ဟု သုံးသပ်ပြောကြားလိုက်ပြီး ယင်းအချိန်သို့ရောက်ပါက လီဗာပူးမှာ ကော်တင်ညိုကို အသင်း၌ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အဆင်မပြေဖြစ်ခဲ့ရသော အခြေအနေမျိုးကို တစ်ကျော့ပြန်လည် ကြုံဆုံရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်းလည်း ဆောင်းနက်စ်က အသိပေးထားသည်ဟု Daily Mail က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂ်ျအသင်းသည် ၎င်းတို့၏ကွင်းလယ်ကစားသမား နာဘီကီတာကို လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ လီဗာပူးထံသို့ ပြောင်းရွှေ့ခွင့်ပေးအပ်တော့မည်မဟုတ်ဘဲ အသင်းထံတွင်သာ ဆက်လက်ထိန်းသိမ်းသွားတော့မည်ဟု ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ဂိုးသမား ကာရီးရပ်စ်၏စွမ်းဆောင်ရည်များကို ဝေဖန်ပြစ်တင်စကားပြောကြားနေသူများကို စွပ်ပြုတ်ထဲတွင် ဆံပင်မွေးလိုက်ရှာသည်နှင့် အလားသဏ္ဍာန်တူနေသည်ဟု တုံ့ပြန်ထိုးနှက်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်းအနေနှင့် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို ကစားသမားကောင်းတစ်ဦးအဖြစ် လေးစားမှုအပြည့်ရှိသော်လည်း ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့်နှိုင်းယှဉ်ခြင်းကိုမူ လက်မခံနိုင်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား လီရွိုင်းဆိန်းသည် ၎င်းအနေနှင့် မန်စီးတီးထံသို့ မပြောင်းရွှေ့မီတွင် လီဗာပူးထံသို့ ပြောင်းရွှေ့ရန်အတွက် နည်းပြဂျာဂင်ကလော့ပ်ထံမှနေ၍ ဆက်သွယ်မှုများရခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ဂျာဂင်ကလော့ပ်မှာ ဒေါ့မွန်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလကတည်းကပင် လီရွိုင်းဆိန်းကိုခေါ်ယူရန် ချိတ်ဆက်ခဲ့ဖူးခြင်းဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂ်ျအသင်းသည် လီဗာပူးကို ၎င်းတို့၏ကွင်းလယ်ကစားသမား နာဘီကီတာအား လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ခေါ်ယူလိုပါက နှစ်ဦးနှစ်ဖက် သဘောတူညီထားသည့် ပြောင်းရွှေ့ကြေးပမာဏထက် ပေါင် ၁၃ သန်း ပိုပေးရမည်ဟု တောင်းဆိုလိုက်ပြီဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။
လီဗာပူးကွင်းလယ်ကစားသမား အမ်မရီကန်သည် ၎င်းကိုခေါ်ယူရန် မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်တို့က ကမ်းလှမ်းဆက်သွယ်ခဲ့သည်ကို ငြင်းဆန်ပယ်ချ၍ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူလိုက်ခြင်းဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းနည်းပြ ဂျာဒင်းမ်သည် လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ သောမတ်စ်လီမာကို ရောင်းထုတ်လိုက်သည့်အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်ဟု ဖွင့်ဟ၀န်ခံသွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် သောမတ်စ်လီမာကို ခေါ်ယူရန်အတွက် အာဆင်နယ်နှင့် လီဗာပူးတို့က အပြိုင်အဆိုင် စောင့်ကြည့်မှုများရှိနေကြောင်း Daily Star က ဖော်ပြထားသည်။