News

POST TAGGED AS

LIGUE

14-Dec-2017 tagged as Soccer Ligue Monaco Fabinho
မိုနာကိုနောက်ခံကစားသမား ဖာဘင်ညိုသည် ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် မိုနာကိုကို စွန့်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပြီဖြစ်ပြီး လက်ရှိတွင် ဖာဘင်ညိုကိုခေါ်ယူရန်အတွက် မန်ယူ၊ မန်စီးတီးတို့နှင့်အပြိုင် ပီအက်စ်ဂျီနှင့် အက်သလက်တီကိုတို့ကလည်း စောင့်ကြည့်မှုများ ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
13-Dec-2017 tagged as Soccer PSG Ligue Monaco Lille Metz
ပြင်သစ်လီဂူးပြိုင်ပွဲကျင်းပရေးကော်မတီသည် ပီအက်စ်ဂျီ၊ မိုနာကိုနှင့် မက်ဇ်တို့မှာ ၎င်းတို့ထုတ်ပြန်ပြဌာန်းထားသည့် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းဖြင့် ငြိစွန်းခြင်းမရှိဘဲ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ငွေသုံးစွဲခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်ပြီး လိုင်လီကမူ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို ချိုးဖောက်ခဲ့သည့်အတွက် ကစားသမားအပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားခွင့် ပိတ်ပင်ခံရတော့မည်ဖြစ်ကြောင်း Goal က ဖော်ပြထားသည်။
30-Nov-2017 tagged as Soccer Neymar PSG Ligue Cavani
ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီနှင့် နေမာတို့သည် ပင်နယ်တီကန်သွင်းခွင့်အတွက် အငြင်းပွားမှုများရှိနေဆဲဖြစ်ပြီး လက်ရှိအခြေအနေကို ဖြေရှင်းရန် ၎င်းတို့နှစ်ဦးအနက် တစ်ဦးကို ရောင်းထုတ်လိုက်ရဖွယ်ရှိနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
29-Nov-2017 tagged as Soccer La Liga Real Madrid Neymar PSG Ligue
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ၏အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ၎င်း၏ဖခင်ဖြစ်သူသည် နေမာမှာ ရီးရဲလ်မက်ဒရစ်ထံသို့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့ဖြစ်နိုင်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
ဂျာမနီလက်ရွေးစင်အသင်းကွင်းလယ်ကစားသမား တိုနီခရူးစ်သည် ဂျာမနီနှင့် ပြင်သစ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲအတွက် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာတွင် ပြင်သစ်လီဂူးပြိုင်ပွဲကို တစ်ကောင်တည်းပြေးသောမြင်းပွဲအဖြစ် ဝေဖန်ထောက်ပြသွားခဲ့ပြီး ယင်းအချက်ကြောင့်ပင်လျှင် ပြင်သစ်လီဂူးမှာ ဂျာမန်ဘွန်ဒက်စ်လီဂါ၏အရှိန်အဝါကို ယှဉ်နိုင်စွမ်းမရှိဘဲ ဖြစ်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။
08-Nov-2017 tagged as Soccer PSG Ligue UEFA Di Maria Lucas Moura
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ထုတ်ပြန်ပြဌာန်းထားသည့် ဘဏ္ဍာရေးမျှခြေစည်းမျည်းဖြင့် မငြိစွန်းစေရန်အတွက် ကစားသမားအချို့ကို မဖြစ်မနေ ရောင်းထုတ်ရတော့မည်ဖြစ်ပြီး ယင်းအတွက် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် တိုက်စစ်တောင်ပံကစားသမား ဒီမာရီယာနှင့် ကွင်းလယ်လူ လူးကပ်စ်မော်ရာတို့ကို အရောင်းဈေးကွက်တင်လိုက်ရန် ပီအက်စ်ဂျီက စီစဉ်နေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။