News

POST TAGGED AS

LIGUE

25-Jan-2018 tagged as Soccer PSG Ligue Kevin Trapp Izabel Goulart
ပီအက်စ်ဂျီဂိုးသမား ကီဗင်ထရပ်၏ချစ်သူမိန်းကလေးဖြစ်သူ Victoria’s Secret မော်ဒယ် အိုင်ဇာဘယ်လ် ဂူးလတ်သည် ထရပ်၏စွမ်းဆောင်ရည်များ ကျဆင်းနေသည်မှာ လိင်အလွန်အကျွံ ဆက်ဆံခြင်းကြောင့်ဖြစ်သည်ဟု မှတ်ချက်ပေးပြောကြားလိုက်ကြောင်း The Sun က ဖော်ပြထားသည်။
24-Jan-2018 tagged as Soccer PSG Ligue Diarra
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့သည့် ကွင်းလယ်လူ ဒီယာရာကို ၁၈ လသက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် လက်မှတ်ရေးထိုး ခေါ်ယူလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
23-Jan-2018 tagged as Soccer Zidane PSG Ligue
ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများသည် ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကို ခေါ်ယူရန် ဆက်သွယ်ကမ်းလှမ်းနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီဖြစ်ပြီး အသင်းရှိ ကစားသမားအစုအဖွဲ့ကို ဦးဆောင်ရန်အတွက် ထိပ်တန်းအဆင့်နည်းပြတစ်ဦးကို ခေါ်ယူမှသာ အဆင်ပြေနိုင်လိမ့်မည်ဟု ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများက ယူဆနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
22-Jan-2018 tagged as Soccer Ligue Juventus Dybala Balottelli Nice
ဂျူဗင်တပ်အသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် နိုက်စ်တိုက်စစ်မှူး ဘာလော့တယ်လီကိုခေါ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း Tutto Sport က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ခေါ်ယူရေးတွင် ငွေသားအပြင် စီရော်နယ်ဒိုကိုပါ အလိုက်ပေးကမ်းလှမ်းရန် အစီအစဉ်ရှိနေပြီဖြစ်ပြီး လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တွင် နေမာအပြောင်းအရွှေ့အတွက် ပီအက်စ်ဂျီနှင့် ရီးရဲလ်မက်ဒရစ်အကြားတွင် ဆွေးနွေးမှုများ ရှိလာနိုင်ကြောင်း ပီရက်ဇ်က ဖွင့်ဟအသိပေးထားပြီဖြစ်သည်ဟု The Sun က ဖော်ပြထားသည်။
13-Jan-2018 tagged as Soccer Neymar PSG Ligue Ronaldo
ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သည့် ရော်နယ်ဒိုသည် ပီအက်စ်ဂျီထံသို့ နေမာ ပြောင်းရွှေ့ခဲ့ခြင်းကို ဝေဖန်စကားများ ပြောကြားလိုက်ပြီဖြစ်ပြီး ယင်းလုပ်ရပ်မှာ နေမာ၏ကစားသမားဘ၀ဖြတ်သန်းမှုကို တိုးတက်မှုထက် ဆုတ်ယုတ်မှု ပိုများသွားစေခဲ့ကြောင်း ရော်နယ်ဒိုက ထောက်ပြသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
10-Jan-2018 tagged as Soccer Manchester United PSG Ligue Lucas Moura
မန်ယူအသင်းသည် ပီအက်စ်ဂျီကွင်းလယ်လူ လူးကပ်စ်မော်ရာကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် လူးကပ်စ်မော်ရာအပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၅ သန်းဖြင့် သဘောတူညီမှု ရလိုက်ခြင်းဖြစ်သည်ဟု The Sun က ဖော်ပြထားသည်။
ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းနည်းပြ ဂျာဒင်းမ်သည် လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ သောမတ်စ်လီမာကို ရောင်းထုတ်လိုက်သည့်အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်ဟု ဖွင့်ဟ၀န်ခံသွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် သောမတ်စ်လီမာကို ခေါ်ယူရန်အတွက် အာဆင်နယ်နှင့် လီဗာပူးတို့က အပြိုင်အဆိုင် စောင့်ကြည့်မှုများရှိနေကြောင်း Daily Star က ဖော်ပြထားသည်။
03-Jan-2018 tagged as Soccer Neymar Brazil PSG Ligue
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ဥရောပရောက် ဘရာဇီးကစားသမားများအတွက် ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ကာ နေမာမှာ ယင်းဆုကို နောက်ဆုံးလေးနှစ်တာကာလ ဖြတ်သန်းမှုအတွင်း တတိယအကြိမ်မြောက်အဖြစ် ရရှိခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
22-Dec-2017 tagged as Soccer Neymar PSG Ligue Dani Alves
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာနှင့် နောက်ခံလူ အဲလ်ဗက်စ်တို့သည် ၎င်းတို့၏အသင်းဖော်များကို အထက်စီးမှနေ၍ ဆက်ဆံမှုများရှိနေပြီး အသင်းအ၀တ်လဲခန်းအတွင်း၌ ၎င်းတို့နှစ်ဦးက နည်းပြများကဲ့သို့ ပြုမူသည့်အတွက် အသင်းဖော်အချို့နှင့် ဆက်ဆံရေးအဆင်မပြေမှုများရှိနေကြောင်း ပေါ်တူဂီသတင်းစာ O Jogo က ဖော်ပြထားသည်။