News

28-Jul-2018

Soccer Ligue Monaco Golovin
ချယ်လ်ဆီးနှင့် အာဆင်နယ်တို့၏ပစ်မှတ် ဂိုလိုဗင်ကို မိုနာကို ခေါ်ယူ

ပဲရစ်၊ ဇူလိုင် ၂၈

ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းသည် ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရုရှားအသင်းကို ကိုယ်စားပြု၍ ခြေစွမ်းပြကစားသွားခဲ့သော စီအက်စ်ကေအေကွင်းလယ်ကစားသမား ဂိုလိုဗင်ကို ချယ်လ်ဆီး၊ အာဆင်နယ်တို့နှင့်ယှဉ်ပြိုင်၍ အရခေါ်ယူသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂိုလိုဗင်သည် အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်အပြီးတွင် မိုနာကိုနှင့် ငါးနှစ်သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး အသင်းနှစ်သင်းအကြားတွင် ဂိုလိုဗင်အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၇ သန်းဖြင့် သဘောတူညီမှုရခဲ့ခြင်းဖြစ်ကြောင်း မိုနာကိုက သတင်းထုတ်ပြန်ထားသည်။

ဂိုလိုဗင်သည် မိုနာကိုထံတွင် ကျောနံပါတ် ၁၇ ကိုဝတ်ဆင်ကာ ကစားသမားဘ၀ဖြတ်သန်းသွားလိမ့်မည်ဖြစ်ပြီး ၎င်းအနေနှင့် အတွေ့အကြုံပိုင်းဆိုင်ရာတွင် လိုအပ်ချက်ရှိနေသေးသည်များကို မိုနာကိုထံ၌ ရှာဖွေဖြည့်ဆည်းနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားပါကြောင်း ဂိုလိုဗင်က ပြောကြားသွားခဲ့သည်။




FOLLOW US