News

10-Jul-2018

Soccer World Cup England Aldi Lidl
အင်္ဂလန်အသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ခဲ့ပါက အယ်လ်ဒီနှင့် လိုင်ဒယ်လ်ကုန်တိုက်များ အချိန်စောစွာ ပိတ်ပေးမည်

လန်ဒန်၊ ဇူလိုင် ၁၀

အင်္ဂလန်နိုင်ငံအခြေစိုက် အယ်လ်ဒီနှင့် လိုင်ဒယ်လ် ဆူပါမားကက် ကုန်တိုက်များသည် အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပါက ၎င်းတို့၏၀န်ထမ်းများ ဘောလုံးပွဲကြည့်ရှုနိုင်စေရန်အတွက် လုပ်ငန်းခွင် စောစီးစွာရပ်နား၍ အားလပ်ချိန်ပေးရန် စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ၏ဗိုလ်လုပွဲစဉ်ကို လာမည့်ဇူလိုင်လ ၁၅ ရက်(တနင်္ဂနွေနေ့) ဗြိတိန်စံတော်ချိန် ညနေ သုံးနာရီအချိန်တွင် ကျင်းပလိမ့်မည်ဖြစ်ပြီး အယ်လ်ဒီနှင့် လိုင်ဒယ်လ် ဆူပါမားကက်များမှာ ပုံမှန်အားဖြင့် ညနေ လေးနာရီသို့ရောက်မှသာ လုပ်ငန်းခွင် ရပ်နားလေ့ရှိသည်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေနှင့် တော်ဝင်မိသားစုဝင်များသည်လည်း အင်္ဂလန်လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါက ရုရှားနိုင်ငံအပေါ် သပိတ်မှောက်ထားခြင်းကို ခေတ္တရပ်ဆိုင်း၍ ဘောလုံးပွဲ သွားရောက်ကြည့်ရှုအားပေးလိမ့်မည်ဖြစ်ပြီး အင်္ဂလန်က ဆွီဒင်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ယင်းပွဲစဉ်ကို ရုပ်သံကတစ်ဆင့် ကြည့်ရှုအားပေးခဲ့သော အင်္ဂလန်ပရိသတ်အရေအတွက်မှာ သန်း ၂၀ ခန့် ရှိခဲ့သည်။




FOLLOW US