News

POST TAGGED AS

LEWANDOWSKI

30-May-2018 tagged as Soccer Bundesliga Bayern Munich Lewandowski
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး၏အေးဂျင့်ဖြစ်သူ ဇဟာဗီသည် ၎င်း၏ကစားသမားဖြစ်သူမှာ လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းပြောင်းရန် သေချာနေပြီဟု အသိပေးပြောကြားလိုက်ပြီဖြစ်ကာ လက်ရှိတွင် လီဝန်ဒေါစကီးကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီတို့က အပြိုင်အဆိုင် စောင့်ကြည့်မှုများရှိနေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူရန် စီစဉ်နေပြီဖြစ်ပြီး လီဝန်ဒေါစကီးကို ရရှိမည်ဆိုပါက ပြောင်းရွှေ့ကြေးပမာဏကို ပေါင်သန်း ၁၀၀ အသုံးပြုရန်အထိ ချယ်လ်ဆီးက ပြင်ဆင်ထားကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ်စကီးကိုခေါ်ယူရန် မူအရ သဘောတူညီမှုရရှိထားပြီဖြစ်ပြီး လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် လီဝန်ဒေါစကီးမှာ ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာရန် သေချာသွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။