News

POST TAGGED AS

LEON GORETZKA

ဆန်းချက်ဇ်ကို ခေါ်ယူခဲ့ခြင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ခွင့်ရခဲ့ခြင်းတို့ကြောင့် မန်ယူ၏လုပ်ခလစာပေးချေရမှု မြင့်တက်

မန်ချက်စတာ၊ စက်တင်ဘာ ၆

မန်ယူအသင်းသည် လွန်ခဲ့သည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဆန်းချက်ဇ်ကို ခေါ်ယူခဲ့ခြင်း၊ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ခြင်းတို့ကြောင့် လုပ်ခလစာပေးချေရမှု လွန်စွာ မြင့်တက်သွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် မန်ယူ၏လုပ်ခလစာပေးချေရမှုပမာဏ စုစုပေါင်းမှာ ပေါင်သန်း ၃၀၀ နှင့်အထက်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

မန်ယူသည် ဆန်းချက်ဇ်ကို တစ်ပတ်လုပ်ခအကျိုးခံစားခွင့် ပေါင် ၅၀၅,၀၀၀ ပေးချေထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ရရှိခြင်းကြောင့် ကစားသမားအချို့၏လုပ်ခလစာများကို ရာခိုင်နှုန်းအလိုက် တိုးမြှင့်ပေးလိုက်ရခြင်းက ယခုကဲ့သို့ ကုန်ကျစရိတ်ကို မြင့်တက်သွားစေခဲ့ခြင်းဖြစ်ကြောင်း မန်ယူအသင်းတာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့သည်။

မန်ယူအသင်း၏ကစားသမားလုပ်ခလစာပေးချေရမှုသည် လွန်ခဲ့သည့်ဘောလုံးရာသီ၌ ပေါင်သန်း ၂၅၀ သာရှိခဲ့ပြီး လက်ရှိဘောလုံးရာသီတွင် ပေါင်သန်း ၅၀ ထပ်မံမြင့်တက်လာခဲ့ခြင်းဖြစ်ကာ အသင်း၏လုပ်ခလစာပေးချေရမှုကို အတိုင်းအတာတစ်ရပ်အထိ လျှော့ချနိုင်စေရန်အတွက် အသင်းရှိ ပိုလျှံကစားသမားအချို့ကို ရောင်းထုတ်လိုက်ရန် နည်းပြမော်ရင်ညိုကို အသင်းတာဝန်ရှိသူများက တောင်းဆိုထားပြီလည်းဖြစ်သည်။

မန်ယူအသင်းတာဝန်ရှိသူများသည် လွန်ခဲ့သည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ နည်းပြမော်ရင်ညိုတောင်းဆိုသည့် ဗဟိုခံစစ်မှူးတစ်ဦး ခေါ်ယူပေးရေးကို အကောင်အထည် မဖော်နိုင်ခဲ့သည်မှာ လုပ်ခလစာကုန်ကျစရိတ်ကို ချိန်ဆနေရ၍လည်းဖြစ်သည်ဟု ရှင်းပြထားသည်။




FOLLOW US