News

POST TAGGED AS

LEIPZIG

အာဆင်နယ်အသင်းသည် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂ်ျအသင်း၏တိုက်စစ်တောင်ပံကစားသမား ဖော့စ်ဘတ်ဂ်ျကို ခေါ်ယူရန်အတွက် တရားဝင် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ပြီး ဖော့စ်ဘတ်ဂ်ျကို ရရှိနိုင်ရေးအတွက် အာဆင်နယ်မှာ ဂျူဗင်တပ်၊ အက်သလက်တီကို စသည့်ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ကြိုးပမ်းသွားရလိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂ်ျအသင်းတိုက်စစ်မှူး တီမိုဝါနာသည် ၎င်းအနေနှင့် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အခွင့်ရမည်ဆိုပါက မန်ယူနှင့် မန်စီးတီးတို့အနက် တစ်သင်းထံသို့ ပြောင်းရွှေ့ခွင့်ရလိုသည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂ်ျအသင်းသည် ၎င်းတို့၏ကွင်းလယ်ကစားသမား နာဘီကီတာကို လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ လီဗာပူးထံသို့ ပြောင်းရွှေ့ခွင့်ပေးအပ်တော့မည်မဟုတ်ဘဲ အသင်းထံတွင်သာ ဆက်လက်ထိန်းသိမ်းသွားတော့မည်ဟု ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂ်ျအသင်းသည် လီဗာပူးကို ၎င်းတို့၏ကွင်းလယ်ကစားသမား နာဘီကီတာအား လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ခေါ်ယူလိုပါက နှစ်ဦးနှစ်ဖက် သဘောတူညီထားသည့် ပြောင်းရွှေ့ကြေးပမာဏထက် ပေါင် ၁၃ သန်း ပိုပေးရမည်ဟု တောင်းဆိုလိုက်ပြီဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။
မန်ယူနည်းပြမော်ရင်ညိုသည် ဆွီဒင်က အီတလီကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား Play-Off ခြေစစ်ပွဲ ဥရောပဇုန် ပထမအကျော့ပွဲစဉ်ကို တိုက်စစ်မှူး အီဘရာဟီမိုဗစ်အားခေါ်ယူ၍ သွားရောက်ကြည့်ရှုခဲ့သည်မှာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂ်ျအသင်းထံတွင် ပါဝင်ကစားနေသည့် ဆွီဒင်လက်ရွေးစင်တိုက်စစ်တောင်ပံကစားသမား ဖော့စ်ဘတ်ဂ်ျ၏ခြေစွမ်းကို အကဲခတ်လို၍ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
26-Oct-2017 tagged as Soccer Bundesliga Rangnick Leipzig
လိုက်ပ်ဇစ်ဂ်ျအသင်းအားကစားဒါရိုက်တာ ရန်ဂနစ်ခ်သည် ဘိုင်ယန်မြူးနစ်က လိုက်ပ်ဇစ်ဂ်ျကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရသွားခဲ့သည့် ဂျာမန်ပိုကယ်လ်ဖလား ဒုတိယအဆင့်ပွဲစဉ်တွင် ပွဲကစားချိန် ပထမပိုင်းအပြီး၌ ဘောလုံးကွင်းအတွင်းသို့ ၀င်ရောက်လာခဲ့ကာ ဒိုင်လူကြီးဖြစ်သူ၏ဆုံးဖြတ်ချက်အမှားတစ်ခုကို ဖုန်းအတွင်းရှိ ဗီဒီယိုဖိုင်အား ဖွင့်လှစ်ပြသ၍ ၎င်းက စောဒကတက်သွားခဲ့ကြောင်း The Bild က ဖော်ပြထားသည်။