News

POST TAGGED AS

LEICESTER CITY

11-Feb-2018 tagged as Soccer Premier League Leicester City Vardy
မန်စီးတီးက လက်စတာကို ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် လက်စတာအတွက် တစ်လုံးတည်းသောဂိုးကို သွင်းယူပေးနိုင်ခဲ့သည့် တိုက်စစ်မှူး ဗာဒီသည် ဘောလုံးရာသီ တစ်ရာသီအတွင်း အမှတ်ဇယား၏ထိပ်ဆုံးခြောက်နေရာတွင် ရပ်တည်နေသော အသင်းအားလုံးကို ဂိုးသွင်းယူနိုင်ခဲ့သည့် ပထမဆုံး ကစားသမားအဖြစ် စံချိန်တစ်ခု ရေးထိုးစိုက်ထူသွားနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
လက်စတာအသင်းတိုက်စစ်တောင်ပံကစားသမား မာရက်ဇ်သည် အသင်းတာဝန်ရှိသူများနှင့် ပုဂ္ဂိုလ်ရေးသဘောထားတင်းမာမှုများ မြင့်တက်လာသည့်အတွက် လုပ်ခလစာ မရတော့မည့်အခြေအနေကိုပင် ရင်ဆိုင်နေရပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် လက်စတာတိုက်စစ်တောင်ပံကစားသမား မာရက်ဇ်ကို ခေါ်ယူရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေခဲ့မည်ဆိုပါက တိုက်စစ်မှူး ဆန်းချက်ဇ်ကို လက်ရှိဇန်နဝါရီဈေးကွက်အတွင်း ရောင်းထုတ်လိုက်ရန် ဆုံးဖြတ်ထားပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
သူ့နာမည်က ဖာအစ် ဘိုလ်ကီးယားဖြစ်ပါတယ်။ အသက်က ၁၉ နှစ်ပါ။ မျိုးရိုးက ဘရူနိုင်းတော်ဝင်မိသားစုမျိုးရိုး။ သူ့ရဲ့ဖခင်ဖြစ်တဲ့ ဂျီဖရီဘိုလ်ကီးယားဆိုတာကလည်း တော်ဝင်မိသားစုအသိုင်းအဝိုင်းမှာ အရမ်းကို အရှိန်အဝါကြီးမားလွန်းသူတစ်ယောက်ပါ။ သူ့ရဲ့ဦးလေးဖြစ်သူကလည်း ရေနံလုပ်ငန်းပိုင်ရှင် သန်းကြွယ်သူဌေးကြီးတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာ့မီဒီယာအသိုင်းအဝိုင်းရဲ့အဆိုအရ ဖာအစ်ဟာ ပေါင် ၁၅ ဘီလျံလောက်ကို အမွေဆက်ခံခွင့်ရဖို့ ရှိနေသူပါ။ ဒါပေမဲ့ လက်ရှိမှာ ဖာအစ်က အဲ့ဒီစည်းစိမ်တွေကို စွန့်ခွာပြီး ဘောလုံးကစားခြင်းကိုသာ မြတ်မြတ်နိုးနိုး ရွေးချယ်ထားပါတယ်။ သူရည်ရွယ်တာက တစ်နေ့နေ့ တစ်ချိန်ချိန်ရောက်ရင် ထိပ်တန်းကစားသမားတစ်ယောက်ဘ၀ကို ပိုင်ဆိုင်ခွင့်ရရှိနိုင်ရေးပါပဲ။
30-Nov-2017 tagged as Soccer Premier League Leicester City Vardy
လက်စတာတိုက်စစ်မှူး ဗာဒီသည် ထိပ်သီးခြောက်သင်းစာရင်းဝင်အသင်းများကို အခြားသောကစားသမားများထက် ဂိုးပိုမိုသွင်းယူနိုင်စွမ်းရှိသူအဖြစ် ရပ်တည်လာခဲ့ပြီဖြစ်ကာ ၎င်း၏သွင်းဂိုးအရေအတွက်မှာ အနီးကပ်ပြိုင်ဘက်ဖြစ်သူ စပါးကွင်းလယ်ကစားသမား အယ်လ်လီထက် ငါးဂိုး သာလွန်လာခဲ့ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
ထိုင်းအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ရာဇ၀တ်ပြစ်မှုဆိုင်ရာ တရားရုံးတော်သည် ထိုင်းအစိုးရက လက်စတာအသင်းပိုင်ရှင် ဗီချိုင်းကို အခွန်တိမ်းရှောင်မှုဖြင့် အမှုတိုင်ကြားထားသည်ကို လက်ခံလိုက်ပြီဖြစ်ပြီး ယင်းအမှုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှစတင်ကာ ကြားနာစစ်ဆေးသွားတော့မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
31-Oct-2017 tagged as Soccer Premier League Leicester City
လက်စတာအသင်းတာဝန်ရှိသူများသည် နည်းပြရှိတ်စပီးယားကို ရာထူးထုတ်ပယ်လိုက်ပြီးချိန်တွင် အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေရန် စွမ်းဆောင်ပေးခဲ့သည့် နည်းပြဟောင်း ရာနီရေးရီကို အသင်းနည်းပြအဖြစ် ပြန်ခန့်ရန် ကြိုးပမ်းခဲ့သော်လည်း လက်စတာဘက်က ကမ်းလှမ်းမှုများကို ရာနီရေးရီက လက်မခံခဲ့သည့်အတွက် အဆုံးသတ်တွင် ပူအယ်လ်မှာ လက်စတာနည်းပြရာထူးကို ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
26-Oct-2017 tagged as Soccer Premier League Leicester City Puel
လက်စတာအသင်းသည် ဆောက်သမ်တန်နည်းပြဟောင်း ကလော်ဒီပူအယ်လ်ကို ၂ နှစ်ခွဲသက်တမ်း စာချုပ်တစ်ရပ်ဖြင့် အသင်းနည်းပြအဖြစ် ခေါ်ယူခန့်အပ်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။