News

POST TAGGED AS

LAZIO

20-Aug-2018 tagged as Soccer Serie A Lazio
လာဇီယိုအသင်းကို အမာခံအားပေးသော ပရိသတ်အင်အားစုအဖွဲ့သည် အသင်း၏အမျိုးသမီးပရိသတ်များထံသို့ လက်ရှိဘောလုံးရာတွင် အသင်း၏ပွဲကြည့်စင်တစ်ခု၌ ပွဲတက်ရောက်ကြည့်ရှုအားပေးသောလုပ်ရပ်ကို မလုပ်ကြရန် အကြောင်းကြားစာပေးပို့လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
17-Aug-2018 tagged as Soccer Serie A Lazio AC Milan Milinkovic-Savic
အေစီမီလန်အသင်းသည် မန်ယူနည်းပြ မော်ရင်ညို လွန်စွာခေါ်ယူလိုခဲ့သော လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို အပြီးသတ်ဝယ်ယူခွင့်တစ်ရပ် ပါရှိသော အငှားစာချုပ်ဖြင့်ခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
လာဇီယိုကွင်းလယ်ကစားသမား ဆာဗစ်သည် ၎င်း၏အနာဂတ်နှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်ကို လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်သို့ရောက်မှသာ ချမှတ်သွားတော့မည်ဖြစ်ပြီး မန်ယူနည်းပြ မော်ရင်ညိုကမူ လာဇီယိုဘက်က မတန်တဆ ဈေးနှုန်းမျိုးကို တောင်းဆိုမည်ဆိုပါက ဆာဗစ်ကို ၀ယ်ယူတော့မည်မဟုတ်ဘဲ အခြားသော ကွင်းလယ်ကစားသမားတစ်ဦးကို ထပ်မံရှာဖွေရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် မန်ယူမပေးလိုသော ပြောင်းရွှေ့ကြေးကို ပေးချေ၍ လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို ခေါ်ယူရန် ကြိုးပမ်းသွားတော့မည်ဖြစ်ကာ ရီးရဲလ်မက်ဒရစ်သာ အမှန်တကယ် ကြားဝင်လာခဲ့မည်ဆိုပါက မန်ယူမှာ ဆာဗစ်ကိုခေါ်ယူနိုင်ရေး၌ အခက်အခဲများကို ရင်ဆိုင်ကြုံဆုံရတော့မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူအသင်းသည် လာဇီယိုကွင်းလယ်ကစားသမား ဆာဗစ်ကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏကို မူအရ သဘောတူညီမှုရယူလိုက်နိုင်ပြီဖြစ်ပြီး လာဇီယိုနှင့် မန်ယူအကြားတွင် ဆာဗစ်အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၈၀ ဖြင့် သဘောတူညီမှုရလိုက်ခြင်းဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
မန်ယူအသင်းသည် ဇီဒန်းလက်သစ်ဟု တင်စားခြင်းခံထားရသော လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို ခေါ်ယူနိုင်ရန်အတွက် အခြေအနေ လွန်စွာကောင်းမွန်နေပြီဖြစ်ပြီး ၎င်းတို့အနေနှင့် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၈၀ နှင့်အထက် ရရှိပါက ဆာဗစ်ကို လက်လွှတ်လိုက်ရန် ဆုံးဖြတ်ထားပြီဖြစ်ကြောင်း လာဇီယိုကလည်း အသိပေးထားပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
လာဇီယိုနည်းပြ ဆီမြွန်နီ အင်ဇာဂီသည် အေစီမီလန်က လာဇီယိုကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော စီးရီးအေပွဲစဉ်တွင် အေစီမီလန်တိုက်စစ်မှူး ပက်ထရစ် ကူထရုန်း သွင်းယူသည့်ဂိုးကို ခွင့်ပြုပေးလိုက်ခြင်းနှင့်စပ်လျဉ်း၍ ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)စနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ကြောင်း Tutto Sport က ဖော်ပြထားသည်။
21-Dec-2017 tagged as Soccer Serie A Lazio Lazio Fans Immobile
လာဇီယိုအသင်းအားပေးသူများသည် တိုရီနိုက လာဇီယိုကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် အီတလီစီးရီးအေပွဲစဉ်ကို တာဝန်ယူ ပွဲကြီးကြပ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီးနှင့် ဗီဒီယိုလက်ထောက်ဒိုင်လူကြီးတို့ကို ဥပဒေကြောင်းအရ တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
25-Oct-2017 tagged as Soccer Serie A Lazio
လာဇီယိုအသင်းဥက္ကဋ္ဌ လော့တီတိုသည် ဂျူးလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် နာဇီတို့၏ The Holocaust လူမျိုးတုံးရှင်းလင်းရေးလုပ်ငန်းစဉ်တွင် အသက်ဆုံးရှုံးခဲ့ရသော အသက် ၁၅ နှစ်အရွယ် မိန်းမငယ်လေး အန်နီဖရန့်ခ်ကို လာဇီယိုပရိသတ်များက စော်ကားခဲ့မိသည့်လုပ်ရပ်မျိုး နောက်နောင်တွင် မဖြစ်ပေါ်လာစေရေးအတွက် တစ်နှစ်လျှင် လာဇီယိုပရိသတ် ၂၀၀ ခန့်ကို အော့ဝစ်ဇ်အကျဉ်းထောင်သို့ လေ့လာရေးခရီးပို့ဆောင်ပေးသွားမည်ဟု ကတိပြုပြောကြားလိုက်ကြောင်း Telegraph က ဖော်ပြထားသည်။
25-Oct-2017 tagged as Soccer Serie A Lazio Anne frank
စီးရီးအေပြိုင်ပွဲကျင်းပရေးကော်မတီသည် ယခုသီတင်းပတ်အတွင်းကျင်းပမည့် စီးရီးအေပွဲစဉ်များတွင် အန်နီဖရန့်ခ်၏ဒိုင်ယာရီကို ပြိုင်ပွဲဝင်အသင်းများအားလုံးအား အသံကျယ်လောင်စွာဖြင့် ဖတ်ကြားစေမည်ဖြစ်ကြောင်း Gazzetta Dello Sport က ဖော်ပြထားသည်။