News

POST TAGGED AS

LA LIGA

အက်သလက်တီကိုအသင်းတာဝန်ရှိသူများသည် အသင်းထံတွင် ဂရစ်ဇ်မန်း ဆက်ရှိနိုင်စေရေးအတွက် ဘာစီလိုနာထက် လုပ်ခလစာ ယူရို ၁၀ သန်း ပိုပေး၍ စည်းရုံးရေးဆင်းနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဥရောပဘောလုံးလောက၏ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားဆု(ရွှေဖိနပ်ဆု)ကို ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်ပြီး မက်ဆီမှာ လက်ရှိဘောလုံးရာသီတွင် ဘာစီလိုနာအသင်းကို ကိုယ်စားပြု၍ အမှတ်ပေးလိဂ်သွင်းဂိုး ၃၄ ဂိုး ရယူပေးကာ ယင်းဆုကို ရယူသွားနိုင်ခဲ့ကြောင်း AS က ဖော်ပြထားသည်။
21-May-2018 tagged as Soccer La Liga Barcelona Ousmane Dembele
ဘာစီလိုနာအသင်းဆေးအဖွဲ့သည် ဘာစီလိုနာက ဆိုစီဒက်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော စပိန်လာလီဂါ ရာသီသိမ်းပွဲစဉ်တွင် ခြေမျက်စိထိခိုက်သွားခဲ့သော တိုက်စစ်တောင်ပံကစားသမား ဒမ်ဘီလီ၏ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရဖွယ် မရှိသည့်အတွက် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျိန်းသေပါဝင်ကစားပေးနိုင်လိမ့်မည်ဟု မှတ်ချက်ပေးအပ်လိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မော်ရိုကိုနွယ်ဖွား စပိန်နိုင်ငံသူ ကိုယ်ဟန်ပြမယ် အေမယ်လ်ဆာဘားသည် သူမအနေနှင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် မမေ့နိုင်ဖွယ်ရာ ညတစ်ညကို ဖြတ်သန်းခဲ့ဖူးကြောင်း ဖွင့်ဟအသိပေးလိုက်ပြီး ယင်းသို့သော သူမတို့နှစ်ဦး၏ပတ်သက်ခဲ့မှုကြောင့် စီရော်နယ်ဒိုနှင့် ရုရှားကိုယ်ဟန်ပြမယ် အိုင်ရီနာရှက်ခ်တို့၏အချစ်ရေး အက်ကြောင်းထင်သွားခြင်းဖြစ်ဖွယ်ရှိသည်ဟု အေမယ်လ်ဆာဘားက အသိပေးသွားခဲ့သေးကြောင်း The Sun က ဖော်ပြထားသည်။
အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီသည် အက်သလက်တီကိုက မာဆေးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် အသင်းအဓိကတိုက်စစ်မှူး ဂရစ်ဇ်မန်းမှာ လာမည့်နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် အက်သလက်တီကိုကိုစွန့်ခွာ၍ အသင်းပြောင်းရန် သေချာနေပြီဟု အရိပ်အမြွက် အသိပေးသွားခဲ့ကြောင်း AS က ဖော်ပြထားသည်။
မန်ယူအသင်းသည် ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူရန် အစီအစဉ် ရေးဆွဲထားသည်ကို ဖျက်သိမ်းပစ်လိုက်ပြီဖြစ်ပြီး ယင်းသို့ အစီအစဉ်ဖျက်သိမ်းလိုက်သည်မှာ ရီးရဲလ်မက်ဒရစ်က ဂါရတ်ဘေးလ်အတွက် သတ်မှတ်ထားသောတန်ကြေး လွန်စွာမြင့်မားနေခြင်းကြောင့်ဖြစ်သည်ဟု Marca က ဖော်ပြထားသည်။
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းသည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူရရှိခဲ့ပါက ဆွာရက်ဇ်ကို ရောင်းထုတ်လိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကာ ဆွာရက်ဇ်ကိုယ်တိုင်ကလည်း အရန်ကစားသမားအဖြစ် ဖြတ်သန်းရမည့်အခြေအနေကို ရင်မဆိုင်လို၍ အသင်းပြောင်းရန် သေချာနေကြောင်း Daily Star က ဖော်ပြထားသည်။
09-May-2018 tagged as Soccer La Liga Real Madrid Neymar PSG Ligue
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းသည် ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီထံတွင် အထိုင်မကျဖြစ်နေသော တိုက်စစ်မှူးနေမာကို ခေါ်ယူရန်အတွက် တရားဝင်ကြိုးပမ်းတော့မည်ဖြစ်ကာ နေမာကို လက်လွှတ်လိုက်ရပါက ပီအက်စ်ဂျီတိုက်စစ်တွင် အဓိကကစားသမားဟူ၍ အမ်ဘတ်ပေတစ်ဦးတည်းသာလျှင် ကျန်ရှိတော့မည့်အခြေအနေရှိကြောင်း The Mirror က ဖော်ပြထားသည်။
08-May-2018 tagged as Soccer La Liga Real Madrid Mercelo
ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဂျော့ခ်ျဗယ်လ်ဒါနိုသည် အသင်းတာဝန်ရှိသူများအနေနှင့် နောက်ခံလူ မာဆယ်လိုကို ဘုရားဝတ်ပြုဆုတောင်းလျှင် ထည့်သွင်းဆုတောင်းရန် သတိရစေခြင်းငှာ လီဗာပူးတိုက်စစ်မှူး ဆာလားဟ်၏ဓာတ်ပုံတစ်ပုံကို ပေးထားသင့်ပြီဟု တိုက်တွန်းပြောကြားလိုက်ဝေကြာင်း AS က ဖော်ပြထားသည်။
07-May-2018 tagged as Soccer La Liga Real Madrid C Ronaldo
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် အယ်လ်ကလပ်စီကိုဒါဘီ စပိန်လာလီဂါပွဲစဉ်တွင် ခြေမျက်စိ ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး ၎င်း၏ဒဏ်ရာမှာ ဆိုးရွားခြင်းမရှိသည့်အတွက် လီဗာပူးနှင့်ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ကြံ့ခိုင်မှုပြည့်ဝသောအနေအထားသို့ ပြန်ရောက်လာလိမ့်မည်ဟု စီရော်နယ်ဒိုက ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။