News

POST TAGGED AS

LA LIGA

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်းအသင်းပြောင်းမည့်ကိစ္စကို လွန်ခဲ့သည့်သီတင်းပတ်အနည်းငယ်ခန့်ကတည်းကပင် ရီးရဲလ်မက်ဒရစ်အသင်းဖော်များကို အသိပေးထားခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
01-Jun-2018 tagged as Soccer La Liga Real Madrid Toni Kroos
ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား တိုနီခရူးစ်သည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ၎င်းဝတ်ဆင်ခဲ့သော ဂျာစီအင်္ကျီနှင့် ဘောလုံးကန်ဖိနပ်တို့ကို ၎င်းတည်ထောင်ထားသည့် ကိုယ်ပိုင်လူမှုရေးအဖွဲ့အစည်းထံသို့ လှူဒါန်းရန်အတွက် ရောင်းချလိုက်ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
31-May-2018 tagged as Soccer La Liga Real Madrid Zidane
ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သုံးနှစ်ဆက် ချန်ပီယံဖြစ်စေရန် စွမ်းဆောင်ပေးခဲ့သော နည်းပြ ဇီဒန်းဟာ ရာထူးနုတ်ထွက်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အံ့သြသင့်ဖွယ် ချမှတ်သွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် ဇီဒန်း၏နေရာကို အစားဝင်၍ ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာရန် အာဆင်နယ်နည်းပြဟောင်း အာဝင်ဝင်းဂါးက ထိပ်ဆုံးနေရာမှနေ၍ ရေပန်းစားနေကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒို၏မိခင်ဖြစ်သူ ဒိုလိုရက်စ် အေဗီရိုသည် ၎င်း၏သားဖြစ်သူကို ရီးရဲလ်မက်ဒရစ်အား စွန့်ခွာဖြစ်ခဲ့မည်ဆိုပါက အသင်းဟောင်းမန်ယူထံသို့သာ ပြန်လည်ပြောင်းရွှေ့စေလိုလျက်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လက်ရှိနွေဈေးကွက်အတွင်း ကစားသမားသစ်များခေါ်ယူရန်အတွက် အသုံးပြုမည့် အပြောင်းအရွှေ့အသုံးစရိတ်များကို ဂါရတ်ဘေးလ်တစ်ဦးတည်းအတွက် မဖြုန်းတီးပစ်လိုက်ရန် မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့ကို သတိပေးထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်သည် ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ပရီးမီးယားလိဂ်ထံသို့ တစ်ကျော့ပြန်လည်လာရောက်၍ ကစားသမားဘ၀ဖြတ်သန်းရန် ဖိတ်ခေါ်လိုက်ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ထံတွင် ဂါရတ်ဘေးလ်အတွက် ယခုထက်ပို၍ လုပ်ပြစရာဟူ၍ မကျန်ရှိတော့ကြောင်း ဖာဒီနန်က အင်စထရာဂရမ် လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းသည် ရီးရဲလ်မက်ဒရစ်ကို ကျောခိုင်းစွန့်ခွာရန် စီစဉ်နေပြီဖြစ်သည့် တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူရန် စီစဉ်နေပြီဖြစ်ပြီး ဂါရတ်ဘေးလ်ကို ရရှိနိုင်မည်ဆိုပါက မန်ယူမှာ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၂၂ သန်းသုံးစွဲရန် ပြင်ဆင်ထားလျက်ရှိကြောင်း Daily Star က ဖော်ပြထားသည်။
28-May-2018 tagged as Soccer La Liga Real Madrid Gareth Bale
ရီးရဲလ်မက်ဒရစ် တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် လက်ရှိ နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းပြောင်းရန် သေချာလုနီးပါး ရှိလာခဲ့ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် နည်းပြ ဇီဒန်းက ၎င်းကို စကားမပြောဘဲ သုံးနာရီကျော်ကြာ ထားရှိခဲ့သည့်ကိစ္စကို ဂါရတ်ဘေးလ်က စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် ၎င်းအနေနှင့် ပုံမှန်ပွဲထွက်ကစားသမားအဖြစ် နေရာပေးခြင်း မခံရပါက အသင်းပြောင်းရန် စဉ်းစားတော့မည်ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ချန်ပီယံလိဂ်ဆုဖလားကြီးကို ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ငါးကြိမ်မြောက် ကိုင်မြှောက်အောင်ပွဲခံခွင့်ရခဲ့အပြီးတွင် ဖြစ်နိုင်မည်ဆိုပါက ချန်ပီယံလိဂ်ပြိုင်ပွဲကို CR7 ချန်ပီယံလိဂ်ပြိုင်ပွဲဟု အမည်ပြောင်းလိုက်သင့်ပြီဖြစ်ကြောင်း ၀င့်ကြွားပြောဆိုသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။