News

POST TAGGED AS

LA LIGA

မန်ယူအသင်းသည် ခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် ဆီဗီလာနောက်ခံလူ လင်းဂ်ျလက်ကို ခေါ်ယူရန် ကြိုးပမ်းနေပြီဖြစ်ပြီး လင်းဂ်ျလက်အတွက် ဆီဗီလာဘက်က သတ်မှတ်ထားသော စာချုပ်ဖျက်သိမ်းခတန်ကြေးကို ပေါင် ၃၁ သန်းကို ပေးချေခေါ်ယူလိုက်ရန် မန်ယူက ပြင်ဆင်နေခြင်းဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ၎င်းအနေနှင့် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရန်ထက် အက်သလက်တီကိုနှင့်စာချုပ်သစ်ချုပ်နိုင်ရန်ကိုသာ ပိုမိုဆန္ဒရှိနေကြောင်း ၎င်းနှင့်ရင်းနှီးသောမိတ်ဆွေများကို ထုတ်ဖော်ပြောကြားထားပြီဖြစ်ပြီး ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်စ်ချမ့်ကလည်း ဂရစ်ဇ်မန်းအတွက် အက်သလက်တီကိုကသာလျှင် အကောင်းဆုံးနှင့် အသင့်တော်ဆုံးအသင်းဖြစ်သည်ဟု ထောက်ခံပြောကြားထားကြောင်း The Mirror က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် လက်ရှိနွေဈေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူရေးဆိုင်ရာကိစ္စရပ်များအတွက် အသင်းဥက္ကဋ္ဌ ပီရက်ဇ်နှင့် သဘောထားကွဲလွဲမှုများရှိခဲ့ခြင်းကြောင့် အဆုံးသတ်တွင် ရာထူးနုတ်ထွက်ရန် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ဘာစီလိုနာအသင်းသည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကိုခေါ်ယူရန် ကြိုးပမ်းရာတွင် စည်းမျဉ်းချိုးဖောက်၍ တရားမ၀င်ဆက်သွယ်ခဲ့ဖွယ်ရှိကြောင်း အချက်အလက်များ ထွက်ပေါ်လာခဲ့သည့်အတွက် အပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားမှု ၂ နှစ်ခွဲ ပိတ်ပင်ခံရဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
03-Jun-2018 tagged as Soccer La Liga Real Madrid Gareth Bale
ဂါရတ်ဘေးလ်၏ချစ်သူ အမ်မာရွိုင်းဂျုံးစ်သည် ၎င်း၏ဖခင်ဖြစ်သူကို မာတင်ကို စိတ်ကွက်မှုများရှိနေသည့်အတွက် သူမနှင့် ဂါရတ်ဘေးလ်တို့၏လက်ထပ်မင်္ဂလာပွဲကို တက်ရောက်ရန် မဖိတ်ကြားကြောင်း The Mirror က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်းကို တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင် ၁ ဒသမ ၃၅ သန်းပေး၍ စာချုပ်သစ် ပြန်ချုပ်ပေးရန် တောင်းဆိုလိုက်ပြီး အကယ်၍ ၎င်း၏တောင်းဆိုချက်ကို မလိုက်လျောပါက ရီးရဲလ်မက်ဒရစ်ကိုစွန့်ခွာ၍ အသင်းပြောင်းရန် စဉ်းစားရလိမ့်မည်ဟု စီရော်နယ်ဒိုက တာဝန်ရှိသူများကို ပြောကြားထားကြောင်း Marca က ဖော်ပြထားသည်။
02-Jun-2018 tagged as Soccer La Liga Real Madrid
ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများသည် ရာထူးနုတ်ထွက်သွားခဲ့သော နည်းပြဇီဒန်း၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ဆွမ်ဆီးနည်းပြဟောင်း မိုက်ကယ်လောဒရပ်ကို ဆက်သွယ်စကားပြောဆိုနေပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က မိုက်ကယ်လောဒရပ်ကို ခေါ်ယူရန် ဆက်သွယ်လာခဲ့ခြင်းကို ၎င်း၏အေးဂျင့်ဖြစ်သူ တူတမ်းလူကလည်း အတည်ပြုထားပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်းအသင်းပြောင်းမည့်ကိစ္စကို လွန်ခဲ့သည့်သီတင်းပတ်အနည်းငယ်ခန့်ကတည်းကပင် ရီးရဲလ်မက်ဒရစ်အသင်းဖော်များကို အသိပေးထားခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
01-Jun-2018 tagged as Soccer La Liga Real Madrid Toni Kroos
ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား တိုနီခရူးစ်သည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ၎င်းဝတ်ဆင်ခဲ့သော ဂျာစီအင်္ကျီနှင့် ဘောလုံးကန်ဖိနပ်တို့ကို ၎င်းတည်ထောင်ထားသည့် ကိုယ်ပိုင်လူမှုရေးအဖွဲ့အစည်းထံသို့ လှူဒါန်းရန်အတွက် ရောင်းချလိုက်ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
31-May-2018 tagged as Soccer La Liga Real Madrid Zidane
ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သုံးနှစ်ဆက် ချန်ပီယံဖြစ်စေရန် စွမ်းဆောင်ပေးခဲ့သော နည်းပြ ဇီဒန်းဟာ ရာထူးနုတ်ထွက်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အံ့သြသင့်ဖွယ် ချမှတ်သွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် ဇီဒန်း၏နေရာကို အစားဝင်၍ ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာရန် အာဆင်နယ်နည်းပြဟောင်း အာဝင်ဝင်းဂါးက ထိပ်ဆုံးနေရာမှနေ၍ ရေပန်းစားနေကြောင်း Daily Star က ဖော်ပြထားသည်။