News

POST TAGGED AS

LA LIGA

19-Aug-2018 tagged as Soccer La Liga Barcelona Messi
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာက အလာဗက်စ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော လာလီဂါ ဘောလုံးရာသီဖွင့်ပွဲစဉ်တွင် ဘာစီလိုနာအသင်း သမိုင်းကြောင်းတစ်လျှောက် လာလီဂါသွင်းဂိုး ၆၀၀၀ ပြည့် အထိမ်းအမှတ်ဂိုးကို ရယူပေးနိုင်ခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
16-Aug-2018 tagged as Soccer La Liga Atletico Madrid
အက်သလက်တီကိုအသင်းကစားသမားများသည် အသင်းကို ဥရောပစူပါဖလား ဆွတ်ခူးရယူနိုင်စေရန် စွမ်းဆောင်ပေးနိုင်ခဲ့ကြသည့်အတွက် အထူးလက်ဆောင် စိန်လက်စွပ်များ ရရှိပိုင်ဆိုင်သွားခဲ့ကြောင်း AS က ဖော်ပြထားသည်။
16-Aug-2018 tagged as Soccer La Liga USA
လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီသည် လာလီဂါပွဲစဉ်တစ်ပွဲကို အမေရိကန်ပြည်ထောင်စု၌ ကျင်းပပေးရန် ၁၅ နှစ်သက်တမ်း စာချုပ်တစ်ရပ်ဖြင့် သဘောတူညီလိုက်ပြီဖြစ်ပြီး ယင်းသို့ အမေရိကန်ပြည်ထောင်စုတွင် ကျင်းပမည့် လာလီဂါပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ အားပြိုင်မည့် အယ်လ်ကလပ်စီကိုဒါဘီပွဲစဉ်ကိုမူ တာဝန်ရှိသူများက ထည့်သွင်းစဉ်းစားပေးဖွယ် မရှိကြောင်း Marca က ဖော်ပြထားသည်။
16-Aug-2018 tagged as Soccer La Liga Real Madrid Florentino Perez
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လက်ရှိနွေဈေးကွက်အတွင်း၌ အသင်းကို အင်အားဖြည့်တင်းရန် ငွေထပ်မသုံးတော့ဟု ဆုံးဖြတ်ချက်ချမှတ်ထားခြင်းကို သဘောထားပြင်ဆင်ဖွယ်ရှိနေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
14-Aug-2018 tagged as Facebook Soccer La Liga
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာသည် စပိန်လာလီဂါပွဲစဉ်များကို အာရှနိုင်ငံ ရှစ်နိုင်ငံသို့ တိုက်ရိုက်ထုတ်လွှင့်ပြသရန် မူပိုင်ခွင့်ဝယ်ယူလိုက်ပြီဖြစ်ပြီး ၎င်းတို့အနေနှင့် ယခုနှစ်ကစတင်ကာ လာလီဂါပွဲစဉ်ပေါင်း ၃၈၀ ကို သုံးနှစ်သက်တမ်းပြသသွားမည်ဟု ဖေ့စ်ဘွတ်ခ်က သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
13-Aug-2018 tagged as Soccer La Liga Barcelona Messi
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာက ဆီဗီလာကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော စပိန်စူပါဖလားပွဲစဉ်အပြီးတွင် အသင်းသမိုင်းကြောင်းတစ်လျှောက် အအောင်မြင်ဆုံးကစားသမားအဖြစ် စံချိန်သစ် ရေးထိုးစိုက်ထူသွားနိုင်ခဲ့ပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
08-Aug-2018 tagged as Soccer La Liga Real Madrid Modric
ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများသည် ကွင်းလယ်ကစားသမား မိုဒရစ်ကို အကျိုးခံစားခွင့်များ တိုးမြှင့်ပေး၍ စာချုပ်သစ်ချုပ်ရန် စီစဉ်နေပြီဖြစ်ပြီး ကမ်းလှမ်းထားမှုကို လက်ခံကာ စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့မည်ဆိုပါက မိုဒရစ်၏တစ်ပတ်လုပ်ခလစာမှာ ပေါင် ၁၃၈,၀၀၀ သို့ မြင့်တက်သွားတော့မည်ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
08-Aug-2018 tagged as Soccer La Liga Real Madrid Courtois
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် ဂိုးသမား ကော်တွာကို လေ့ကျင့်ရေးဆင်းရန် ပျက်ကွက်ခဲ့ခြင်းကြောင့် နှစ်ပတ်စာ လုပ်ခလစာနှင့်ညီမျှသော ပေါင်နှစ်သိန်းကို ဒဏ်ကြေးအဖြစ် တပ်ရိုက်အရေးယူလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
05-Aug-2018 tagged as Soccer La Liga Barcelona Sevilla Alexi Vidal
ဆီဗီလာအသင်းသည် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သူ အလက်ဇိုင် ဗီဒယ်လ်ကို ဘာစီလိုနာထံမှနေ၍ ပြန်လည်ဝယ်ယူလိုက်ပြီဖြစ်ကာ အသင်းနှစ်သင်းအကြားတွင် ဗီဒယ်လ်အပြောင်းအရွှေ့အတွက် ပေါင်ကိုးသန်းဖြင့် သဘောတူညီမှုရလိုက်ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
23-Jul-2018 tagged as Soccer La Liga Real Madrid Hazard
ဟားဇတ်၏ညီဖြစ်သူ ကိုင်လီယန်သည် ဟားဇတ်ကို ရီးရဲလ်မက်ဒရစ်ထံသို့ မပြောင်းရွှေ့ဘဲ ချယ်လ်ဆီးထံတွင်သာ ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။