News

POST TAGGED AS

LA LIGA

05-Sep-2018 tagged as Soccer La Liga Barcelona Messi Argentina
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ၎င်းမှာ ပြီးပြည့်စုံသော ကစားသမားမဟုတ်ဘဲ လိုအပ်ချက်တစ်ခုရှိနေသေးကြောင်း ဖွင့်ဟ၀န်ခံလိုက်ကာ ယင်းလိုအပ်ချက်ဟူသည်မှာ အခြားမဟုတ်ဘဲ ပင်နယ်တီကန်သွင်းရာတွင် တိကျမှုရှိရန် လိုနေခြင်းဖြစ်သည်ဟု မက်ဆီက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
04-Sep-2018 tagged as Soccer La Liga Real Madrid Mariano Diaz
ရီးရဲလ်မက်ဒရစ်အသင်းအားပေးသူများသည် အသစ်ခေါ်ယူလိုက်သော တိုက်စစ်မှူး မာရီယာနိုကို ကျောနံပါတ် ၇ ပေးအပ်လိုက်သည့်လုပ်ရပ်မှာ အသင်းအတွက် စွမ်းစွမ်းတမံ ကြိုးစားကစားပေးသွားခဲ့သော စီရော်နယ်ဒိုအပေါ် လေးစားမှုကင်းမဲ့သည့်လုပ်ရပ်အဖြစ် ထင်မြင်ယူဆကာ အသင်းတာဝန်ရှိသူများကို ဒေါသပေါက်ကွဲနေကြောင်း Daily Star က ဖော်ပြထားသည်။
04-Sep-2018 tagged as Soccer La Liga Barcelona Messi
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် လက်ရှိဘောလုံးရာသီတွင် ရီးရဲလ်မက်ဒရစ်ထံ၌ စီရော်နယ်ဒို မရှိတော့သည့်အတွက် ချန်ပီယံလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ရေးမှာ လွန်စွာခက်ခဲ့သွားတော့မည်ဟု ယုံကြည်လျက်ရှိကြောင်း Marva က ဖော်ပြထားသည်။
01-Sep-2018 tagged as Soccer La Liga Barcelona Pique
ဘာစီလိုနာနောက်ခံကစားသမား ပီကေးသည် ကားမောင်းလိုင်စင်မရှိဘဲနှင့် ကားမောင်းနှင်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ခြောက်လ ကျခံရမည့်အရေးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း AS က ဖော်ပြထားသည်။
01-Sep-2018 tagged as Soccer La Liga Postponed
စပိန်လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီသည် ဗယ်လေကာနိုနှင့် ဘီလ်ဘာအိုတို့ ယှဉ်ပြိုင်ကစားမည့် လာလီဂါပွဲစဉ်ကို ပွဲရွှေ့ရန် ဆုံးဖြတ်လိုက်သည်မှာ ဗယ်လေကာနိုအသင်းပိုင် ဗယ်လ်လီကတ်စ်ဘောလုံးကွင်းသို့ ပွဲလာရောက်ကြည့်ရှုမည့်ပရိသတ်များအတွက် ဘေးအန္တရာယ် မကင်းနိုင်သည့်အခြေအနေများရှိနေခြင်းကြောင့်ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
30-Aug-2018 tagged as Soccer La Liga Mexico
မက္ကဆီကိုဘောလုံးအဖွဲ့ချုပ်သည် စပိန်လာလီဂါအမှတ်ပေးဘောလုံးပြိုင်ပွဲများကို ၎င်းတို့၏နိုင်ငံတွင် ကျင်းပနိုင်ရန်အတွက် လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီနှင့်ဆွေးနွေးရန် စီစဉ်နေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
30-Aug-2018 tagged as Soccer La Liga Real Madrid Mariano Diaz
ရီးရဲလ်မက်ဒရစ်အသင်းသည် တိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် လိုင်ယွန်ထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသော အသင်းကစားသမားဟောင်း မာရီယာနို ဒီးယားဇ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၃၀ အသုံးပြု၍ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
23-Aug-2018 tagged as Soccer La Liga
စပိန်လာလီဂါပြိုင်ပွဲတွင် ကစားသမားဘ၀ဖြတ်သန်းနေသော ကစားသမားများသည် လာလီဂါပွဲစဉ်တစ်ပွဲကို အမေရိကန်ပြည်ထောင်စု၌ ကျင်းပရန် စီစဉ်ထားခြင်းကို ဆန္ဒပြရန် စီစဉ်နေပြီဖြစ်ပြီး ယင်းဆန္ဒပြမည့်အစီအစဉ်ကို စပိန်ဘောလုံးသမားများအစည်းအရုံးက ဦးစီးဦးရွက်ပြုဖွယ်ရှိနေကြောင်း Daily Star က ဖော်ပြထားသည်။
22-Aug-2018 tagged as Soccer La Liga
လာလီဂါပြိုင်ပွဲဝင်အသင်းများ၏အသင်းခေါင်းဆောင်များသည် ယခုနှစ်လာလီဂါပြိုင်ပွဲ၏ပွဲစဉ်ဇယားရေးဆွဲထားခြင်းနှင့် အမေရိကန်ပြည်ထောင်စုတွင်ကျင်းပမည့် ပွဲစဉ်တစ်ပွဲအကြောင်းတို့ကို ဆွေးနွေးပွဲကျင်းပ၍ သဘောထားကြေညာချက်ထုတ်ပြန်ကာ ကန့်ကွက်သွားဖွယ်ရှိနေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
20-Aug-2018 tagged as Soccer La Liga Real Madrid C Ronaldo
ရီးရဲလ်မက်ဒရစ်သည် တိုက်စစ်မှူး စီရော်နယ်ဒိုကို ဂျူဗင်တပ်ထံသို့ ရောင်းထုတ်လိုက်အပြီးတွင် ကွင်းဝင်ပရိသတ်စံချိန်တင်ကျဆင်းသည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်လိုက်ရပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ဂီတာဖေးကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော စပိန်လာလီဂါရာသီဖွင့်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်းပိုင် ဘာနေဗျူးဘောလုံးကွင်းသို့လာရောက်၍ ပွဲတက်ရောက်ကြည့်ရှုသူ ပရိသတ်အရေအတွက်မှာ ၄၈,၄၆၆ ယောက်သာ ရှိခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။