News

POST TAGGED AS

LA LIGA

03-Nov-2017 tagged as Soccer La Liga Real Madrid C Ronaldo
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဂိုးပေါက်ပျောက်ဆုံးနေသည့်ကိစ္စအတွက် ၎င်းကို ဝေဖန်ပြစ်တင်နေသူများအား ဂူဂဲလ်(Google)ကို အသုံးပြု၍ ၎င်း၏ဂိုးသွင်းစွမ်းရည် မည်သို့မည်ပုံရှိသည်ကို ရှာဖွေကြည့်သင့်သည်ဟု တုံ့ပြန်လိုက်ပြီဖြစ်ကြောင်း AS က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ ယှဉ်ပြိုင်ကြရမည့် စပိန်လာလီဂါ အယ်လ်ကလပ်စီကိုဒါဘီပွဲစဉ်သည် ကတ်တလန်ရွေးကောက်ပွဲနှင့် လွန်စွာ ရက်နီးကပ်နေသည့်အတွက် ယင်းရွေးကောက်ပွဲဖြစ်စဉ်များက ပွဲစဉ်အပေါ် သက်ရောက်ရိုက်ခတ်မှုများ ရှိလာမည်ကို ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ နှစ်သင်းလုံးက စိုးရိမ်ပူပန်နေကြောင်း Daily Mail က ဖော်ပြထားသည်။
30-Oct-2017 tagged as Soccer La Liga Real Madrid Zidane
ရီးရဲလ်မက်ဒရစ်အသင်းသည် ဂျီရိုနာကို နှစ်ဂိုး တစ်ဂိုးဖြင့် အရေးနိမ့်လိုက်ရသည့်ပွဲစဉ်အပြီးတွင် လာလီဂါပြိုင်ပွဲ၌ တန်းတက်အသင်းသစ်တစ်သင်းကို နှစ်ပေါင်း ၂၇ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်လိုက်ရခြင်းဟူသော မှတ်တမ်းဆိုးတစ်ရပ်ကို ရင်ဆိုင်သွားခဲ့ရပြီး လက်ရှိအခြေအနေများအရ နည်းပြဇီဒန်း၏အနာဂတ်မှာ လှုပ်ခတ်များရှိလာခဲ့ပြီဖြစ်သည်ဟု Goal က ဖော်ပြထားသည်။
30-Oct-2017 tagged as Soccer La Liga Real Madrid
ရီးရဲလ်မက်ဒရစ်သည် ဂျီရိုနာနှင့်ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် လာလီဂါပြိုင်ပွဲတွင် အဝေးကွင်းပွဲစဉ် ၁၃ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့သည့် စံချိန်တစ်ခု ရပ်တန့်ကျိုးပျက်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်း၏အတူနေချစ်သူ ဂျီအော်ဂျီနာ ရိုဒရီဂွက်ဇ် ရင်သွေးမျက်နှာမြင်မည့်နေ့နှင့် ကလေးငယ်၏အမည်ကို ၎င်း၏အင်စထရာဂရမ် လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် တရားဝင်ထုတ်ပြန်ကြေညာပေးလိုက်ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
26-Oct-2017 tagged as Soccer La Liga Barcelona Grifols
ဘာစီလိုနာအသင်းတာဝန်ရှိသူများသည် အသင်းပိုင် နျူးကမ့်ဘောလုံးကွင်း၏အမည်မူပိုင်ခွင့်ကို Grifols စီးပွားရေးလုပ်ငန်းစုထံသို့ရောင်းချရန် ဆွေးနွေးနေပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် အပြီးသတ်သဘောတူညီမှုတစ်ရပ် ရရှိခဲ့မည်ဆိုပါက လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီကစတင်၍ နျူးကမ့်ဘောလုံးကွင်း၏အမည်မှာ Nou Camp Grifols ဟု ပြောင်းလဲသွားတော့မည်ဖြစ်ကြောင်း AS က ဖော်ပြထားသည်။
26-Oct-2017 tagged as Soccer La Liga Real Madrid Girona
ရီးရဲလ်မက်ဒရစ်အသင်းသည် ဂျီရိုနာအသင်းနှင့်ယှဉ်ပြိုင်ရမည့် လာလီဂါအဝေးကွင်းပွဲစဉ်အတွက် ဂျီရိုနာအသင်းအခြေစိုက်ရာ ကတ်တလန်ဒေသသို့ အထူးလုံခြုံရေးအစီအစဉ်များဖြင့် သွားရောက်လိမ့်မည်ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် မက္ကဆီကိုနိုင်ငံတွင် လှုပ်ခတ်သွားခဲ့သည့် ပြင်းအားပမာဏ ၇ ဒသမ ၁ ရှိသော ငလျင်သဘာဝဘေးဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအနက်တွင် တစ်ဦးအပါအ၀င်ဖြစ်ခဲ့သော ၎င်း၏ပရိသတ် ကလေးငယ်လေး ဆန်တီယာဂို ဖလိုရက်စ် မိုရာ၏မိဘများကို စပိန်နိုင်ငံသို့ခေါ်ယူကာ လက်ခံတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
22-Oct-2017 tagged as Soccer La Liga Barcelona Messi
ဘာစီလိုနာအမှုဆောင်အရာရှိချုပ် အော်စကာဂရူးသည် အသင်းအနေနှင့် တိုက်စစ်မှူး မက်ဆီကို ဘ၀တစ်သက်တာစာချုပ် ချုပ်ဆို၍ အသင်း၌ ဆက်လက်ထိန်းသိမ်းထားရန် စီစဉ်နေပြီဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Marca က ဖော်ပြထားသည်။
22-Oct-2017 tagged as Soccer La Liga Barcelona Bartomeu
ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူသည် ကတ်တလန်လွတ်လပ်နယ်မြေ ခွဲထွက်ထူထောင်နိုင်ခဲ့ပါကလည်း အသင်းအနေနှင့် အခြားသောလိဂ်များသို့ ပြောင်းရွှေ့မည်မဟုတ်ဘဲ လာလီဂါတွင်သာ ဆက်ရှိသွားမည်ဖြစ်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။