News

POST TAGGED AS

KG

25-Aug-2016 tagged as ဆရာ KG
မိဘတွေဘက်က သူငယ်တန်း (KG) သင်ရိုးသစ်အပေါ် ယုံကြည်မှု အားနည်းနေပါတယ်။ စာရေးစာဖတ် နောက်ကျမှာကိုပဲ အထူးစိုးရိမ်နေတာ တွေ့ရပါတယ်ရှင်။ ကျွန်မကတော့ မကြာခဏခေါ်ပြီး သင်ရိုးသစ်အပေါ်နဲ့ ကျွန်မတို့အပေါ် ယုံကြည်ပေးပါ။ နောက်နှစ်ကျရင်လည်း ဒီသင်ရိုးနဲ့ ချိတ်ဆက်ထားတဲ့ ပထမတန်းသင်ရိုးသစ်ကိုပဲ ရင်ဆိုင်ရမှာမို့ ကလေးတွေကို မိဘတွေရဲ့ စိုးရိမ်စိတ်ကြောင့် မျှော်မှန်းထားတဲ့ရလဒ် တွေ မလွဲအောင်၊ ကလေးတွေကို ဖိအားမဖြစ်စေပါနဲ့၊ အထူးသဖြင့် ကျူရှင်မသင်ဖို့ အကြံပေး တိုက်တွန်း ထားပါတယ်ရှင်။