News

POST TAGGED AS

JUVENTUS

03-Aug-2018 tagged as Soccer Serie A C Ronaldo Juventus
ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမင်နစ်ဂီသည် ဂျူဗင်တပ်အသင်းက စီရော်နယ်ဒိုကို စီးရီးအေပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ ပေးချေခေါ်ယူလိုက်ခြင်းကို အပြစ်တင်စကား ပြောကြားလိုက်ပြီး ၎င်းတို့အနေနှင့် အသက် ၃၃ နှစ်အရွယ် ကစားသမားတစ်ယောက်အတွက် ယင်းသို့သော ရင်းနှီးမြှုပ်နှံမှုမျိုးကို မည်သည့်အခါမျှ လုပ်ဆောင်မည်မဟုတ်ဟု ရူမင်နစ်ဂီက အသိပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
02-Aug-2018 tagged as Soccer Serie A Juventus AC Milan Bonucci Higuain
ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်သည် အေစီမီလန်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုခံယူရန် အသင်းအခြေစိုက်ရာ မီလန်မြို့သို့ ရောက်ရှိလာခဲ့သော ဟီဂူအင်ကို အေစီမီလန်ပရိသတ်ထောင်ပေါင်းများစွာက သောင်းသောင်းဖြဖြ ကြိုဆိုသွားခဲ့ကြောင်း Football Italia က ဖော်ပြထားသည်။
31-Jul-2018 tagged as Soccer Serie A Juventus AC Milan Bonucci
ဂျူဗင်တပ်သည် ဟီဂူအင်ကို ချယ်လ်ဆီးထံသို့ လက်လွှတ်မပေးဘဲ အေစီမီလန်ထံသို့ အငှားချရန် ဆုံးဖြတ်လိုက်သည်မှာ ၎င်းတို့၏နောက်ခံကစားသမားဟောင်း ဘိုနုချီကို ပြန်လည်ခေါ်ယူနိုင်ရန် အခွင့်အရေးရရှိလာခဲ့၍ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြသစ် ဆာရီ အလွန်အမင်း ခေါ်ယူလိုလျက်ရှိသော ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်သည် အေစီမီလန်ထံသို့ တစ်နှစ်သက်တမ်းရှိ အငှားစာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေ့တော့မည်ဖြစ်ပြီး အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းအကြားတွင် အပြီးသတ်သဘောတူညီမှုရသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
31-Jul-2018 tagged as Soccer Serie A C Ronaldo Juventus
စီးရီးအေအမှတ်ပေးချန်ပီယံ ဂျူဗင်တပ်ထံသို့ စီရော်နယ်ဒို ပြောင်းရွှေ့ရောက်ရှိလာခြင်းသည် စီးရီးအေပြိုင်ပွဲ၏လက်မှတ်ဈေးနှုန်းများကို မြင့်တက်သွားစေခဲ့ပြီဖြစ်ပြီး ဂျူဗင်တပ်အသင်းသာလျှင်မကဘဲ အချို့သောအသင်းများကလည်း ၎င်းတို့နှင့် ဂျူဗင်တပ်အသင်းယှဉ်ပြိုင်ရမည့်ပွဲစဉ်၏လက်မှတ်တန်ကြေးများကို မြှင့်တင်ထားပြီဖြစ်ကြောင်း Footbal Italia က ဖော်ပြထားသည်။
24-Jul-2018 tagged as Soccer Serie A C Ronaldo Juventus Instagram
ဂျူဗင်တပ်တိုက်စစ်မှူးသစ် စီရော်နယ်ဒိုသည် အင်စထရာဂရမ်လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ၀င်ငွေအများဆုံးရရှိနေသူ အားကစားသမားစာရင်းတွင် ထိပ်ဆုံးနေရာ၌ တက်ရောက်ရပ်တည်နေနိုင်ဆဲဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
24-Jul-2018 tagged as Soccer Serie A C Ronaldo Juventus
ဂျူဗင်တပ်အသင်းသည် တိုက်စစ်မှူးသစ် စီရော်နယ်ဒိုကို ဆေးစစ်ရာတွင် တွေ့ရှိခဲ့ရသော ကျန်းမာရေးအညွှန်းကိန်းများကို ထုတ်ပြန်ကြေညာလိုက်ရာ ယင်းအညွှန်းကိန်းများအရ စီရော်နယ်ဒိုမှာ အသက် ၂၀ အရွယ် ကစားသမားတစ်ဦးထက်ပင် အပြတ်သာလွန်နေသည်ကို တွေ့ရှိရကြောင်း Football Italia က ဖော်ပြထားသည်။
19-Jul-2018 tagged as Soccer Serie A C Ronaldo Juventus Cassano
ကစားသမားဘ၀က အနားယူသွားခဲ့ပြီဖြစ်သော အီတလီလက်ရွေးစင်တိုက်စစ်မှူးဟောင်း ကာဆာနိုသည် ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုမှာ လက်ရှိအချိန်တွင် စီးရီးအေ၌ တစ်ရာသီလျှင် သွင်းဂိုး ၃၀ မှ ၄၀ အကြားရယူနိုင်မည့် စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
ဂျူဗင်တပ်အသင်းသည် မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၃၃ သန်း အသုံးပြု၍ အသင်းထံသို့ ပြန်လည်ခေါ်ယူရန် ကြိုးပမ်းနေပြီဖြစ်ကာ ပေါ့ဂ်ဘာ၏အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်သည့် ဂျူဗင်တပ်ကွင်းလယ်လူ မာတွီဒီနှင့် တိုက်စစ်မှူး ဒိုင်ဘာလာတို့ကလည်း ပေါ့ဂ်ဘာကို ဂျူဗင်တပ်ထံသို့ ပြန်လည်ပြောင်းရွှေ့ကစားရန် စည်းရုံးရေးဆင်းနေကြပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
17-Jul-2018 tagged as Soccer Mourinho Serie A C Ronaldo Juventus
မန်ယူနည်းပြ မော်ရင်ညိုသည် အီတလီစီးရီးအေမှာ လက်ရှိဘောလုံးရာသီကစတင်၍ ကမ္ဘာ့အရေးအပါဆုံး လိဂ်ပြိုင်ပွဲကြီး ပြန်ဖြစ်လာတော့မည်ဟု မှတ်ချက်ပေးပြောကြားလိုက်ကြောင်း Football Italia က ဖော်ပြထားသည်။