News

POST TAGGED AS

JUVENTUS

17-May-2018 tagged as Soccer Premier League Buffon Juventus
ဂျူဗင်တပ်ဂိုးသမား ဘူဖွန်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ဂျူဗင်တပ်ကို စွန့်ခွာတော့မည်ဟု အတည်ပြုလိုက်ပြီဖြစ်ကာ ၎င်းအနေနှင့် ဂျူဗင်တပ်ကို စွန့်ခွာသည့်တိုင် ကစားသမားဘ၀ကို ဆက်လက်ဖြတ်သန်းနေဦးမည်ဖြစ်ကြောင်း ဘူဖွန်က အသိပေးထားသည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းသည် ဂျူဗင်တပ်နောက်ခံလူ အဲလက်စ်ဆန်ဒရိုကို ခေါ်ယူနိုင်ရန်အတွက် အခွင့်အလမ်းကောင်းတစ်ရပ်ကို ရရှိပိုင်ဆိုင်ထားပြီဖြစ်ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးတွင် အဲလက်စ်ဆန်ဒရိုအပြောင်းအရွှေ့အတွက် နောက်ဆုံးအဆင့်ဆွေးနွေးမှုများကို မန်ယူနှင့် ဂျူဗင်တပ်တို့က စတင်သွားတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
08-May-2018 tagged as Liverpool Soccer Serie A Juventus Sami Khedira
လီဗာပူးအသင်းသည် အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ဂျူဗင်တပ်ကွင်းလယ်ကစားသမား ခီဒီရာကို ခေါ်ယူရန် စီစဉ်လိုက်ပြီဖြစ်ပြီး ခီဒီရာအပြောင်းအရွှေ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီတွင် ဂျူဗင်တပ်အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရနိုင်ရန် လီဗာပူးက စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
08-May-2018 tagged as Soccer Premier League Chelsea Morata Juventus
ဂျူဗင်တပ်အသင်းသည် ၎င်းတို့၏ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသည့် ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအချက်အလက်များ သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ကစားဟန်နှင့် အံမ၀င်နိုင်ဖြစ်နေသည်ကို စိတ်ပျက်သည့်အတွက် မိုရာတာက အသင်းပြောင်းရွှေ့ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အီတလီစီးရီးအေကလပ် ဂျုဗင်တပ်အသင်းသည် လီဗာပူးကွင်းလယ်ကစားသမား အမ်မရီကန်ကို ငါးနှစ်သက်တမ်းရှိ အကြိုသဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကာ ယင်းအတွက် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အမ်မရီကန်က လီဗာပူးကိုစွန့်ခွာ၍ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ရန် သေချာသွားခဲ့ပြီဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
29-Apr-2018 tagged as Soccer Serie A Arsenal Juventus Allegri
အာဆင်နယ်နည်းပြသစ် လျာထားစာရင်းတွင် ပါဝင်နေသည့် ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီသည် ၎င်းအနေနှင့် အာဆင်နယ်နည်းပြရာထူးကို လက်ခံမည်မဟုတ်ဘဲ ဂျူဗင်တပ်ကို အနိမ့်ဆုံးအဖြစ် ဘောလုံးရာသီတစ်ရာသီခန့် ဆက်လက်ဦးဆောင်သွားရန်သာ ဆုံးဖြတ်ထားကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီသည် ၎င်းအနေနှင့် ဂျူဗင်တပ်ကို စွန့်ခွာဖြစ်ခဲ့ပါက အီတလီနိုင်ငံတွင် နည်းပြဘ၀ကို ဆက်လက်ဖြတ်သန်းတော့မည်မဟုတ်ဘဲ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့တော့မည်ဟု အသိပေးလိုက်ပြီဖြစ်ပြီး ၎င်းတာဝန်ယူလိုသည်မှာ ပရီးမီးယားလိဂ်အသင်းဖြစ်သည်ဟုလည်း အယ်လ်လီဂရီက ပြောကြားသွားခဲ့သေးကြောင်း Daily Star က ဖော်ပြထားသည်။
ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့က နည်းပြအာစင်ဝင်းဂါးကို ရာထူးထုတ်ပယ်လိုက်မည်ဆိုပါက ယင်းနေရာကို အစားဝင်၍ အာဆင်နယ်နည်းပြသစ်အဖြစ် တာဝန်ယူခွင့်ရလိုလျက်ရှိကြောင်း Daily Star က ဖော်ပြထားသည်။
22-Jan-2018 tagged as Soccer Ligue Juventus Dybala Balottelli Nice
ဂျူဗင်တပ်အသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် နိုက်စ်တိုက်စစ်မှူး ဘာလော့တယ်လီကိုခေါ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း Tutto Sport က ဖော်ပြထားသည်။