News

POST TAGGED AS

JURGEN KLOPP

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အသင်းကွင်းလယ်ကစားသမား ချိန်ဘာလိန်း ဒဏ်ရာပြန်လည် သက်သာလာမည့်အချိန်ကို ထောင်ကျသွားသော ခင်ပွန်းအား ဇနီးကောင်းတစ်ဦးက သစ္စာရှိစွာ စောင့်ဆိုင်းသွားသကဲ့သို့ အချိန်ပေးစောင့်ဆိုင်းသွားမည်ဟု အသိပေးပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် နည်းပြဇီဒန်းကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ယင်းနေရာကို အစားထိုးရန်အတွက် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကို ပထမဦးစားပေးအဖြစ် ပစ်မှတ်ထားကာ ဆက်သွယ်သွားလိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းတို့အနေနှင့် များမကြာမီတွင် မန်ယူကို ကျော်ဖြတ်၍ အမှတ်ပေးဇယား၏အဆင့်နှစ်နေရာကို ရယူတော့မည်ဟု ကြုံးဝါးပြောကြားလိုက်ပြီး နယူးကာဆယ်နှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင် မန်ယူရှုံးနိမ့်လိမ့်မည်ဟု ၎င်းအနေနှင့် လုံးဝပင် မှတ်ထင်မထားခဲ့ဟုလည်း ဂျာဂင်ကလော့ပ်က မှတ်ချက်ပေးသွားခဲ့သေးကြောင်း The Mirror က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လီဗာပူးနှင့် စပါးတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးအသင်းကို နောက်ကျပင်နယ်တီ ပေးအပ်လိုက်သည့်ကိစ္စအတွက် ဒေါသပေါက်ကွဲနေပြီး ဒိုင်လူကြီးများအနေနှင့် ဖြစ်ရပ်တစ်ခုကို ကိုင်တွယ်ရာတွင် အာရုံစူးစိုက်ကာ စဉ်းစားဆင်ခြင်မှုအပြည့်ဖြင့် တာဝန်ယူဖြေရှင်းရန် လိုအပ်လျက်ရှိကြောင်း ဂျာဂင်ကလော့ပ်က ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အာဆင်နယ်အနေနှင့် အသင်းအဓိကကစားသမား ဆန်းချက်ဇ်ကို မန်ယူထံသို့ ရောင်းချလိုက်သည်မှာ မလုပ်သင့် မလုပ်အပ်သည့် အကြောင်းတရားတစ်ခုဖြစ်ကြောင်း ထောက်ပြဝေဖန်လိုက်ပြီး လီဗာပူးကမူ ယခုကဲ့သို့ ရာသီဝက်ကာလမျိုးတွင် အသင်းအဓိကကစားသမားတစ်ဦးကို အန္တရာယ်ပေးနိုင်စွမ်းအပြည့်ရှိသည့် အနီးကပ်ပြိုင်ဘက်ထံသို့ မည်သည့်အခါမျှ ရောင်းချပေးမည် မဟုတ်ကြောင်းလည်း ဂျာဂင်ကလော့ပ်က ပြောကြားသွားခဲ့သည်ဟု Goal က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လီဗာပူးက မန်စီးတီးကို လေးဂိုး သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ယခုနိုင်ပွဲအတွက် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်သော လီဗာပူးကွင်းလယ်ကစားသမားဟောင်း ကော်တင်ညိုမှာလည်း နေအိမ်ဧည့်ခန်းအတွင်း၌ ခုန်ပေါက်အောင်ပွဲခံနေလိမ့်မည်ဟု ယုံကြည်ကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု The Bild က ဖော်ပြထားသည်။
ပရီးမီးယားလိဂ် ဝါရင့်နည်းပြများအနက်တွင် တစ်ဦးအပါအ၀င်ဖြစ်သော ဂရေမီဆောင်းနက်စ်သည် လီဗာပူးနောက်ခံလူ ဗန်ဒစ်ဂ်ျမှာ လာမည့်နှစ်အနည်းငယ်အတွင်းတွင် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့၏မျက်စိကျခြင်းကို ကျိန်းသေခံရမည့် ကစားသမားတစ်ဦးအဖြစ်သို့ ရောက်လာလိမ့်မည်ဟု သုံးသပ်ပြောကြားလိုက်ပြီး ယင်းအချိန်သို့ရောက်ပါက လီဗာပူးမှာ ကော်တင်ညိုကို အသင်း၌ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အဆင်မပြေဖြစ်ခဲ့ရသော အခြေအနေမျိုးကို တစ်ကျော့ပြန်လည် ကြုံဆုံရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်းလည်း ဆောင်းနက်စ်က အသိပေးထားသည်ဟု Daily Mail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ဂိုးသမား ကာရီးရပ်စ်၏စွမ်းဆောင်ရည်များကို ဝေဖန်ပြစ်တင်စကားပြောကြားနေသူများကို စွပ်ပြုတ်ထဲတွင် ဆံပင်မွေးလိုက်ရှာသည်နှင့် အလားသဏ္ဍာန်တူနေသည်ဟု တုံ့ပြန်ထိုးနှက်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား လီရွိုင်းဆိန်းသည် ၎င်းအနေနှင့် မန်စီးတီးထံသို့ မပြောင်းရွှေ့မီတွင် လီဗာပူးထံသို့ ပြောင်းရွှေ့ရန်အတွက် နည်းပြဂျာဂင်ကလော့ပ်ထံမှနေ၍ ဆက်သွယ်မှုများရခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ဂျာဂင်ကလော့ပ်မှာ ဒေါ့မွန်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလကတည်းကပင် လီရွိုင်းဆိန်းကိုခေါ်ယူရန် ချိတ်ဆက်ခဲ့ဖူးခြင်းဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်း၏အသင်းမှာ တိုက်စစ်အားပြုကစားသည့်အသင်းမဟုတ်ဘဲ ခံစစ်ကိုအားပြု၍ အထိုင်ချထားသောအသင်းဖြစ်ကြောင်း အံ့သြသင့်ဖွယ် ထုတ်ဖော်ပြောကြားလိုက်သည်ဟု Sportmail က ဖော်ပြထားသည်။