News

POST TAGGED AS

JURGEN KLOPP

24-Jul-2018

Liverpool Soccer Premier League Jurgen Klopp
ပေါင်သန်း ၁၀၀ ခန့် ၀င်ငွေပြန်ရစေရန် ကစားသမား ၁၀ ဦးခန့် လီဗာပူး ပြန်လည်ရောင်းထုတ်မည်

လီဗာပူး၊ ဇူလိုင် ၂၄

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အသင်းအတွက် ပေါင်သန်း ၁၀၀ ခန့် ၀င်ငွေပြန်ရစေရန်အတွက် ကစားသမား ၁၀ ဦးခန့်ကို ပြန်လည်ရောင်းထုတ်တော့မည်ဖြစ်ပြီး လီဗာပူးအသင်း ရောင်းထုတ်တော့မည့် ကစားသမားစာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိနေသူများမှာ ဂိုးသမား ကာရီးရပ်စ်နှင့် တိုက်စစ်မှူး ဒင်နီအင့်ဂ်တို့ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းအနေနှင့် လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းအတွက် လူသစ်ထပ်ခေါ်ရန် မရှိတော့ကြောင်း ဖွင့်ဟ၀န်ခံထားပြီဖြစ်ကာ ကစားသမားအချို့ကို အရောင်းဈေးကွက်တင်ရန် ဆုံးဖြတ်လိုက်ရသည်မှာ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိစေရန်ဖြစ်ကြောင်းလည်း ဂျာဂင်ကလော့ပ်က ရှင်းပြသွားခဲ့သည်။

ဂျာဂင်ကလော့ပ်သည် အချို့သောကစားသမားများကို ၎င်းအနေနှင့် ပုံမှန်ပွဲထွက်ကစားခွင့်ပေးနိုင်ရန် မလွယ်ကူခြင်းကြောင့် အသင်းပြောင်းခွင့်ပေးလိုက်သည်က အကောင်းဆုံးဖြစ်နိုင်သည်ဟု ယူဆကာ အရောင်းဈေးကွက်တင်လိုက်ခြင်းဖြစ်ကြောင်း အသိပေးထားပြီး လက်ရှိနွေဈေးကွက်အတွင်း အလိုရှိသော ကစားသမားများအားလုံးကို အသင်းထံသို့ အရောက်ခေါ်ယူနိုင်ခဲ့ခြင်းအတွက်လည်း လွန်စွာ အားရကျေနပ်မိကြောင်း ဂျာဂင်ကလော့ပ်က ပြောကြားသွားခဲ့သည်။

လီဗာပူးသည် လက်ရှိနွေဈေးကွက်အတွင်း ဖာဘင်ညို၊ ကီတာ၊ ရှာကွီရီနှင့် အယ်လ်လီဆန်စသည့် ကစားသမားများကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ စုစုပေါင်း ပေါင် ၁၇၅ သန်း အသုံးပြုခဲ့ပြီး  အစောပိုင်း၌ လိုင်ယွန်တိုက်စစ်တောင်ပံကစားသမား ဖာကီရာကို ခေါ်ယူရန် ဂျာဂင်ကလော့ပ်က ရည်မှန်းထားခဲ့သော်လည်း လက်ရှိတွင်မူ ယင်းအစီအစဉ်ကို ဖျက်သိမ်းပစ်လိုက်ပြီဖြစ်သည်။




FOLLOW US