News

POST TAGGED AS

JURGEN KLOPP

လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျသည် ၎င်းအနေနှင့် လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းပြောင်းဖြစ်နိုင်ကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု The Sun က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် တိုက်စစ်တောင်ပံကစားသမား ဆာလားဟ်ကို အသင်းထံသို့ခေါ်ယူခဲ့စဉ်၌ ၎င်းအနေနှင့် ဖိအားများစွာကို ရင်ဆိုင်ကြုံဆုံခဲ့ရကြောင်း ဖွင့်ဟ၀န်ခံခဲ့ကာ ကြံ့ခိုင်မှုအသားပေးလွန်းသည့် ပရီးမီးယားလိဂ်တွင် ခန္ဓာကိုယ်အရွယ်အစား သေးငယ်သော ဆာဟားဟ် ယခင်ကဲ့သို့ တစ်ကျော့ပြန်လည် ရုန်ကန်းရမည်ကို လွန်စွာ စိတ်ပူမိခဲ့ကြောင်း ဂျာဂင်ကလော့ပ်က ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
လီဗာပူးနောက်ခံကစားသမား မာတစ်သည် ပေါင်ဒဏ်ရာရရှိထားသည့်အတွက် လာမည့် ၂၀၁၈ ခုနှစ် နှစ်သစ်ကူးကာလတိုင်သည်အထိ အနားယူရတော့မည်ဖြစ်ကာ လက်ရှိအခြေအနေများအရ ရှေ့လာမည့်ပွဲစဉ်များတွင် ခံစစ်အကျပ်အတည်းဖြင့် ရင်ဆိုင်ရမည်ကို နည်းပြ ဂျာဂင်ကလော့ပ်က စိုးရိမ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းအနေနှင့် အသင်းကစားသမားများကို ပင်ပန်းနွမ်းနယ်မှုများကြောင့် အနားပေးထားခြင်းမဟုတ်ဘဲ အလှည့်ကျစနစ်ဖြင့် ပွဲထုတ်နေခြင်းသာဖြစ်သည်ဟု ရှင်းလင်းပြောကြားသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
လီဗာပူးတိုက်စစ်တောင်ပံကစားသမား မာနေးသည် လီဗာပူးနှင့် ချယ်လ်ဆီးတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်းကို ပွဲပြီးရန် မိနစ်အနည်းငယ်သို့ရောက်မှ လူစားလဲလှယ်ထည့်သွင်းခဲ့ခြင်းအတွက် နည်းပြဂျာဂင်ကလော့ပ်နှင့် စကားအချေအတင်ဖြစ်ခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းကိုခေါ်ယူရန် လီဗာပူးမတိုင်မီတွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးအချို့က ကမ်းလှမ်းဆက်သွယ်ခဲ့သော်လည်း ၎င်းအနေနှင့် လက်မခံဖြစ်ခဲ့ကြောင်း လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဖွင့်ဟအသိပေးခဲ့ကာ လက်ရှိတွင် ယင်းအသင်းများမှာ မန်ယူ၊ မန်စီးတီးနှင့် စပါးတို့ဖြစ်ကြောင်း ဂျာဂင်ကလော့ပ်က ၎င်း၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် ထည့်သွင်းဖော်ပြထားပြီဖြစ်သည်ဟု Sportmail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ပြိုင်ဘက် မန်စီးတီးအသင်း၏စွမ်းဆောင်ရည်များကို ချီးကျူးစကားများ ပြောကြားလိုက်ပြီဖြစ်ပြီး လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့မည်ဆိုပါက လာမည့် နှစ်သစ်ကူး ဇန်နဝါရီကာလ၌ပင်လျှင် မန်စီးတီးမှာ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးရယူသွားနိုင်ဖွယ်ရှိကြောင်း ဂျာဂင်ကလော့ပ်က မှတ်ချက်ပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် စပါးက လီဗာပူးကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အသင်းကစားသမားများ၏စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်သွားခဲ့ပြီး ၎င်းကိုယ်တိုင် ၀င်ရောက်ကစားခွင့်ရခဲ့မည်ဆိုပါက လက်ရှိကစားသမားများထက် သာလွန်သောစွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသနိုင်သည်ဟု ဂျာဂင်ကလော့ပ်က ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။