News

POST TAGGED AS

JONNY EVANS

23-May-2018 tagged as Soccer Premier League West Brom Jonny Evans
လက်စတာအသင်းသည် ပရီးမီးယားလိဂ်မှနေ၍ ချန်ပီယံရှစ်သို့ တန်းဆင်းသွားခဲ့ရပြီဖြစ်သည့် ၀က်စ်ဘရွန်းအသင်း၏နောက်ခံကစားသမား အီဗန်စ်ကိုခေါ်ယူရန်အတွက် အေးဂျင့်ခ ပေါင်လေးသန်း အကုန်အကျခံကာ ကြိုးပမ်းသွားတော့မည်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဘာစီလိုနာနောက်ခံလူ အမ်တီတီနှင့် ၀က်စ်ဘရွန်းနောက်ခံလူ အီဗန်စ်တို့အနက်မှနေ၍ တစ်ဦးကို ခေါ်ယူရရှိခဲ့မည်ဆိုပါက လင်ဒီလော့ဖ်ကို အငှားချလိုက်ရန် ဆုံးဖြတ်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ပရီးမီးယားလိဂ်မှနေ၍ ချန်ပီယံရှစ်သို့ ၀က်စ်ဘရွန်းအသင်း တန်းဆင်းသွားခဲ့ရပါက နောက်ခံလူ အီဗန်စ်ကို အသင်းထံသို့ ပြန်လည်ခေါ်ယူရန် ကြိုးပမ်းသွားလိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။