News

POST TAGGED AS

JOHN TERRY

အက်စတွန်ဗီလာအသင်းထံတွင် ကစားသမားဘဝဖြတ်သန်းနေသော ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီသည် အသင်းအနေနှင့် ၎င်းကို စာချုပ်သစ်ချုပ်ဆိုလိုပါက ယင်းစာချုပ်သစ်တွင် ချယ်လ်ဆီးနှင့်ထိပ်တိုက်တွေ့သောပွဲစဉ်များ၌ ၎င်းကို ထည့်သွင်းအသုံးမပြုဟူသည့် သဘောတူညီချက်တစ်ရပ်ကို ထည့်သွင်းရန် လိုအပ်လိမ့်မည်ဟု အသိပေးပြောကြားလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသည့် ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီသည် လက်ရှိမန်ယူနည်းပြမော်ရင်ညို စုဖွဲ့ပုံဖော်ခဲ့သည့် ပထမဆုံးချယ်လ်ဆီးအသင်းမှာ လက်ရှိမန်စီးတီးအသင်းကို အနိုင်ယူနိုင်စွမ်း အပြည့်ရှိကြောင်း သုံးသပ်ပြောကြားလိုက်သည်ဟု The Sun က ဖော်ပြထားသည်။