News

POST TAGGED AS

JOE HART

24-Dec-2017 tagged as Soccer Premier League West Ham Joe Hart
မန်စီးတီးမှနေ၍ ၀က်စ်ဟမ်းထံသို့ အငှားဖြင့် လာရောက်ကစားနေသည့် ဂိုးသမားဂျိုးဟတ်သည် လက်ရှိတွင် နည်းပြ ဒေးဗစ်မိုယက်စ်လက်အောက်၌ ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်ရမည့်အခြေအနေများ ဖြစ်ပေါ်လာသည့်အတွက် လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ၀က်စ်ဟမ်းကို စွန့်ခွာ၍ ၎င်းအောင်မြင်မှု ရရှိခဲ့ဖူးသော အီတလီစီးရီးအေထံသို့ တစ်ကျော့ပြန်လည် ပြောင်းရွှေ့ကစားရန် စီစဉ်နေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် ၎င်းအနေနှင့် ဂိုးသမား ဂျိုးဟတ်၏ပွဲထွက်ခွင့်ကို အာမခံချက်ပေးနိုင်တော့မည် မဟုတ်ကြောင်း အတိအလင်း အသိပေးလိုက်ပြီဖြစ်ပြီး လက်ရှိအခြေအနေများအရလည်း ဂျိုးဟတ်မှာ လာမည့် ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားရန်အတွက် လက်ရွေးစင်အသင်းလူစာရင်းတွင် ထည့်သွင်းရွေးချယ်ခံခဲ့ရသည့်တိုင် အရန်အဖြစ်သာ ဖြတ်သန်းရမည့်အခြေအနေများရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။