News

POST TAGGED AS

JAN VERTONGHEN

လီဗာပူးတိုက်စစ်မှူး ဖာမင်ညိုသည် လီဗာပူးက စပါးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးနောက်ခံလူ ဗာတွန်ဂန်ကြောင့် မျက်လုံးအနည်းငယ်ထိခိုက်သွားခဲ့ပြီး ထိခိုက်မှုဖြစ်ပွားခဲ့ချိန်တွင် ၎င်းအနေနှင့် မျက်လုံးတစ်စုံတစ်ခုဖြစ်ကာ အမြင်အာရုံချို့ယွင်းသွားမည်ကို အလွန်အမင်း စိတ်ပူခဲ့မိကြောင်း ဖာမင်ညိုက ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
ဘယ်လ်ဂျီယံနောက်ခံလူ ကွမ်ပနီသည် ဘယ်လ်ဂျီယံနှင့် ပေါ်တူဂီတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲအကြို နိုင်ငံတကာခြေစမ်းပွဲတွင် ညို့သကျည်း ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်နှင့် လွဲချော်ရမည့်အခြေအနေကို ရင်ဆိုင်လိုက်ရပြီဖြစ်ပြီး ကွမ်ပနီကို ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ထားခဲ့ရမည်ဆိုပါက အသင်းခံစစ်၌ အားနည်းချက်များရှိသွားမည်ကို ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ မာတီနက်ဇ်က စိုးရိမ်ပူပန်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။